ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၇ ရက်
မြန်မာနိုင်ငံရှိ တရားမဝင် ဆိုက်ဘာစင်တာတစ်ခုမှာ အဓမ္မ ထိန်းသိမ်းခံထားရတဲ့ သီရိလင်္ကာနိုင် ငံသား ၂၀ ဦးကို လွတ်မြောက်လာပြီးနောက် သီရိလင်္ကာနိုင်ငံကို ပြန်ရောက်သွားပြီလို့ သိရပါတယ်။
မြန်မာနိုင်ငံမှ နေရပ်ပြန်ရောက်လာတဲ့ သီရိလင်္ကာနိုင်ငံသား ၂၀ ဉီးထဲမှာ အမျိုးသား ၁၆ ဦးးနဲ့ အမျိုးသမီး ၄ ဦးး ပါဝင်တယ်လို့ သိရပါတယ်။
အဆိုပါသီရိလင်္ကာနိုင်ငံသားတွေကို ကယ်ဆယ်ကာ မြန်မာမှ ထိုင်းနိုင်ငံသို့ ပို့ဆောင်ကာ ယမန် နေ့ညပိုင်းက ဗန်ကောက်မြို့ရှိ Katunayake လေဆိပ်သို့ ရောက်ရှိလာခဲ့ပါတယ်။
သီရိလင်္ကာ လူဝင်မှုကြီးကြပ်ရေးဉီးစီးဌာန၊ လူမှောင်ခိုကူးမှုနဲ့ ပင်လယ်ရေကြောင်း ရာဇဝတ်မှု တိုက်ဖျက်ရေးဌာနက ၎င်းတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကောက်ယူပြီးနောက် နေအိမ်ပြန်ပို့ပေး ခဲ့တာ ဖြစ်ပါတယ်။
ယခုနှစ် ဧပြီလအတွင်းကလည်း မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းတွေထံ လူကုန်ကူးခံခဲ့ရတဲ့ သီရိ လင်္ကာနိုင်ငံသား ၈ ဦးကို ထိုင်းနဲ့မြန်မာအာဏာပိုင်တွေရဲ့ အကူအညီနဲ့ ကယ်ဆယ်ကာ နေရပ်ပြန်ပို့ခဲ့ပါ တယ်။
ဩဂုတ်လ ၁၄ ရက်ကလည်း မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီမြို့က ကျားဖြန့်လုပ်ငန်းတွေ မှာ ထိန်းသိမ်းခံထားရတဲ့ သီရိလင်္ကာနိုင်ငံသား ၅၄ ဉီးအနက် ၂၀ ဉီး လွတ်မြောက်လာခဲ့ကာ နေရပ်ပြန်ပို့ ခဲ့ပါတယ်။
ကိုးကား – Daily Mirror
Ref; 20 Sri Lankans stranded in Myanmar return
#Ayeyarwaddy_Times