ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၇ ရက်
တရုတ်နဲ့အမေရိကန်ကြား အရှိန်မြှင့်လာသော ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုကြား မြေစာပင်ဖြစ်နေ ရတဲ့ မြန်မာနိုင်ငံမှာ ပြည်ပနိုင်ငံတွေ ဝင်ရောက်စွက်ဖက်တာကို တရုတ်နိုင်ငံက ဆန့်ကျင်ကြောင်း မ ကြာသေးမီက သတိပေးခဲ့ပါတယ်။ အမေရိကန်နိုင်ငံက မြန်မာ့ ဒီမိုကရေစီအင်အားစုတွေနဲ့ ထိတွေ့ ဆက်ဆံမှု တိုးမြှင့်လာမှုကြောင့် တရုတ်နိုင်ငံက စိုးရိမ်မှုတွေ တိုးလာချိန်မှာ အခုလို သတိပေးခဲ့တာဖြစ်ပါ တယ်။
မြန်မာ့အရေးမှာ အမေရိကန်နိုင်ငံရဲ့ ရည်ရွယ်ချက်တွေနဲ့ပတ်သက်လို့ တရုတ်နိုင်ငံက အလွန်အ မင်း သံသယရှိတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဩဂုတ်လ ၁၆ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ မှာကျင်းပတဲ့ လာအို၊ ထိုင်းနဲ့ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အလွတ်သဘော တွေ့ဆုံ ချိန်အတွင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရုတ်ရဲ့စိုးရိမ်မှုကို ထုတ်ဖော်ပြောခဲ့တာပါ။
မြန်မာ့ပြည်တွင်းရေးမှာ ပြည်ပနိုင်ငံတွေ အထူးသဖြင့် ဒေသအပြင်ဘက်မှတိုင်းပြည်တွေရဲ့ ဝင် ရောက်စွက်ဖက်မှု မရှိရဘူးလို့ ဝမ်ယိက ပြောဆိုခဲ့တာပါ။ မြန်မာနိုင်ငံရှိ တရုတ်သံရုံးနဲ့ စစ်ကောင်စီထိန်း ချုပ်မီဒီယာတွေကလည်း ထိုရပ်တည်ချက်ကို ဖော်ပြခဲ့ပြီး ဘယ်အဖွဲ့အစည်းမှ ဝင်ရောက်စွက်ဖက်မှုမျဉ်း ကို မဖြတ်သင့်ဘူးလို့ ဆိုပါတယ်။
အရပ်သားအစိုးရသို့ အသွင်ကူးပြောင်းဖို့ အမေရိကန်နိုင်ငံက ပံ့ပိုးကူညီမယ်လို့ ထပ်လောင်းအ တည်ပြုခဲ့တဲ့ အမေရိကန် တာဝန်ရှိသူတွေနဲ့ မြန်မာအတိုက်အခံတွေကြား အွန်လိုင်းဆွေးနွေးမှုနဲ့ တ ရုတ်၊ လာအို၊ ထိုင်းနဲ့ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးတွေ အလွတ်သဘောတွေ့ဆုံမှုက တိုက် ဆိုင်ခဲ့ပါတယ်။ ဝမ်ယိက အမေရိကန်နိုင်ငံကို တိုက်ရိုက် မဖော်ပြခဲ့ပေမယ့် သူ့ရဲ့မှတ်ချက်စကားတွေက အမေရိကန်နိုင်ငံရဲ့ ပါဝင်မှုတိုးလာတဲ့အပေါ် တုံ့ပြန်မှုတစ်ခုအဖြစ် ယူဆခဲ့ကြပါတယ်။
တရုတ်ရဲ့ မယုံကြည်မှု
တရုတ်နိုင်ငံက မြန်မာအရေး အမေရိကန်နိုင်ငံရဲ့ ရည်ရွယ်ချက်တွေကို မယုံကြည်မှုတိုးလာတယ် လို့ ဝါရှင်တန်မြို့တော် အမျိုးသားစစ်ကောလိပ်မှ ပါမောက္ခတစ်ဉီးဖြစ်သူ ဇာချာရီအဘူဇာက ထောက်ပြ ပါတယ်။ “တရုတ်ဘက်ကနေကြည့်မယ်ဆိုရင် မြန်မာ့အရေးမှာ အမေရိကန်နိုင်ငံရဲ့ အခန်းကဏ္ဍကို သူ တို့က ပယ်ချပါတယ်။ ပြဿနာက တရုတ်ဟာ မြန်မာ့အရေးမှာ အမေရိကန်နဲ့ ထိတွေ့ဆက်ဆံမှု မပြု လုပ်ချင်တာပါ” လို့ ၎င်းက ရှင်းပြပါတယ်။
တရုတ်နိုင်ငံအခြေစိုက် တရုတ်-မြန်မာဆက်ဆံရေး စောင့်ကြည့်လေ့လာသူ ဒေါက်တာလှကျော် ဇောက ထိုအချက်ကို ထောက်ခံပြီး တရုတ်က မြန်မာ့အရေးမှာ အခြားပြည်ပတိုင်းပြည်တွေထက် အမေ ရိကန်နိုင်ငံရဲ့ပါဝင်မှု ပိုစိုးရိမ်တယ်လို့ ပြောပါတယ်။ “ဒီနှစ်အစောပိုင်းက စေ့စပ်ဖျန်ဖြေရေး ကြိုးပမ်းမှု တွေမှာ မြင်တွေ့ခဲ့ရသလို မြန်မာ့အကျပ်အတည်း ဖြေရှင်းရာမှာ တရုတ်နိုင်ငံက ဉီးဆောင်ရတာ နှစ် သက်ပါတယ်” လို့ မြန်မာစစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား ဆွေးနွေးမှုတွေမှာ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍကိုရည်ညွှန်းပြီး သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်စေတဲ့ လုပ်ရပ်တွေကို ဆန့်ကျင်တယ်လို့ ဝါရှင်တန်မြို့တော်ရှိ တရုတ်သံရုံးက မှတ်ချက်ပြုပါတယ်။ “မြန်မာ့ပြည်တွင်းရေးမှာ ပြည်ပအင်အားစုတွေ ဝင်ရောက်စွက်ဖက် တာကို တရုတ်က ဆန့်ကျင်တယ်” လို့ တရုတ်သံရုံးက အီးမေးလ်တစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။
အမေရိကန်နဲ့တရုတ်ကြား တူညီသော ရည်မှန်းချက်ရှိတာကြောင့် မြန်မာပဋိပက္ခနဲ့ပတ်သက်လို့ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ဖို့ အလားအလာအနည်းငယ်သာရှိတယ်လို့ အဘူဇာက ပြောပါတယ်။ “စစ်အုပ်ချုပ်မှု အဆုံးသတ်ဖို့၊ ပြည်တွင်းစစ်ချုပ်ငြိမ်းဖို့နဲ့ မြန်မာနိုင်ငံကို တည်ငြိမ်သော၊ သာယာဝပြော သော တိုင်းပြည်အဖြစ် ပြန်ရောက်ဖို့ဆိုတဲ့ တူညီသောရည်မှန်းချက်တွေ တရုတ်နဲ့အမေရိကန်မှာ ရှိပါ တယ်” လို့ သူက ဆိုပါတယ်။
တရုတ်နဲ့အမေရိကန်ကြား သဘောထားကွဲလွဲမှုများ
တရုတ်နဲ့အမေရိကန်တို့က မြန်မာနိုင်ငံမှာ တည်ငြိမ်မှုရှိရေး ကြိုးပမ်းနေပေမယ့် ချည်းကပ်ပုံတွေ သိသိသာသာ ကွဲပြားတယ်လို့ United States Institute of Peace ရဲ့ မကြာသေးမီကထုတ်ပြန်တဲ့ အစီရင် ခံစာအရ သိရပါတယ်။ အမေရိကန်နိုင်ငံဟာ စစ်ကောင်စီအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ပြီး မြန်မာ နိုင်ငံက ဒီမိုကရေစီ လှုပ်ရှားမှုတွေကို ထောက်ခံကြောင်း ပြသခဲ့ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာလည်း 2022 Burma Act ကို ပြဌာန်းကာ ဒီမိုကရေ စီ တော်လှန်ရေးအင်အားစုတွေကို လူမသေစေနိုင်တဲ့ အကူအညီတွေ ပေးအပ်ခွင့်ပြုပြီး စစ်ကောင်စီကို ဒဏ်ခတ်အရေးဖို့ ခွင့်ပြုခဲ့ပါတယ်။ အမေရိကန်နိုင်ငံက မြန်မာ့အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ (NUG) ကို တရားဝင် အစိုးရအဖြစ် အသိအမှတ်မပြုပေမယ့် ဝါရှင်တန်မြို့တော်မှာ ဆက်ဆံရေးရုံး တစ်ခု ဖွင့်လှစ်ခွင့်ပြုခဲ့ပါတယ်။
အားလုံးပါဝင်သော ဖက်ဒရယ် ဒီမိုကရေစီစနစ်ထူထောင်ဖို့ မြန်မာနိုင်ငံရှိ ဒီမိုကရေစီအင်အားစု တွေရဲ့ ကြိုးပမ်းမှုကို နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် တွမ်ဆူလီဗန်နဲ့ USAID လက်ထောက် အုပ်ချုပ်ရေးမှူး မိုက်ကယ်ရှက်ဖာတို့က ချီးကျူးခဲ့ပြီး ထိုအဖွဲ့အစည်းတွေကို ပံ့ပိုးကူညီမယ့် ကတိကဝတ် ကို ထပ်လောင်းအတည်ပြုခဲ့တယ်လို့ ဩဂုတ်လ ၁၆ ရက်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ် ပြန်ချက်အရ သိရပါတယ်။
အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလီဗန်နဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ် ယိတို့က ဩဂုတ်လ ၂၇ ရက်မှ ၂၈ ရက်အထိ တွေ့ဆုံမှုမှာ မြန်မာ့အရေးကို ဆွေးနွေးခဲ့တယ်လို့ သိရပါ တယ်။ မြန်မာနိုင်ငံဟာ အိန္ဒိယသမုဒ္ဒရာသို့ ဝင်ပေါက်ဖြစ်တဲ့ မဟာဗျူဟာမြောက် တည်နေရာဖြစ်လို့ မြန် မာနိုင်ငံတွင်းက တရုတ်ရဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားတွေဟာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ ကြောင့် ဖြစ်ပါတယ်။
“တရုတ်က မြန်မာရဲ့ အိမ်နီးချင်းတိုင်းပြည်တစ်ခုဖြစ်ပြီး ကြီးမားသောပါဝင်မှု ရှိပါတယ်။ မြန်မာ နိုင်ငံဟာ တရုတ်ရဲ့ ပထဝီနိုင်ငံရေး အထူးသဖြင့် ‘ရပ်ဝန်းနှင့်ပိုးလမ်းမ’ စီမံကိန်း (BRI) မှာ အိန္ဒိယသမုဒ္ဒ ရာသို့ ဝင်ခွင့်ရဖို့အစီအစဉ်မှာ အရေးပါပါတယ်” လို့ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။
“မြန်မာနိုင်ငံရဲ့ BRI မှာ ပါဝင်မှုဟာ တရုတ်နိုင်ငံ မျှော်လင့်ခဲ့သလို မချောမွေ့ခဲ့ပါဘူး။ တရုတ်နိုင် ငံက မြန်မာနိုင်ငံတွင်းက စီမံကိန်းတွေကို အမြန်ဆုံး ပြီးစီးစေချင်ပါတယ်။ ဒါကိုအောင်မြင်ဖို့အတွက် မြန် မာနိုင်ငံ တည်ငြိမ်ဖို့နဲ့ ငြိမ်းချမ်းရေးရရှိဖို့ တရုတ်က အာဏာသုံးပြီး လုပ်ဆောင်ပါလိမ့်မယ်” လို့ သူက ဆို ပါတယ်။
ကုလသမဂ္ဂမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အကြံပေးနေတဲ့ ထင်ရှားသော မြန်မာ လူ့အခွင့်အ ရေး တက်ကြွလှုပ်ရှားသူ မေစံပယ်ဖြူက နိုင်ငံတကာမှာ တရုတ်ရဲ့ သိသာသောအာဏာကို မီးမောင်းထိုး ပြခဲ့ပြီး တရုတ်ရဲ့ စီးပွားရေးအင်အား တိုးချဲ့လာမှုကြောင့် တရုတ်ရဲ့ဩဇာကို တန်ပြန်ဖို့ အနောက်နိုင်ငံ တွေ ရုန်းကန်ခဲ့ရတယ်လို့ ပြောပါတယ်။
“အနောက်နိုင်ငံတွေ အပါအဝင် ကမ္ဘာတစ်ဝှမ်းကတိုင်းပြည်တွေဟာ တရုတ်ရဲ့ဩဇာလွှမ်းမိုးမှုကို ထိထိရောက်ရောက် မတုံ့ပြန်နိုင်ပါဘူး” လို့ သူက ဆိုပါတယ်။
စက်တင်ဘာလ ၅ ရက်က VOA မှာ ဖော်ပြထားတဲ့ ဆောင်းပါးရှင် ငြိမ်းချမ်းအေးရဲ့ China, US at odds over war-torn Myanmar’s future as geopolitical tensions rise ကို ဆီလျော်အောင် ဘာသာပြန်ထား ပါသည်။
#Ayeyarwaddy_Times