ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၃ ရက်

ခေါင်းဆောင် ကင်ဂျုံအန်က ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်မှု အောင်နိုင်ပြီလို့ ကြေညာပြီးနောက် မြောက်ကိုရီးယားနိုင်ငံက နှာခေါင်းစည်းတပ်ရမယ့်အမိန့်ကို ရုတ်သိမ်းလိုက်ပြီး ဗိုင်းရပ်စ်ကန့်သတ်ချက်တွေ ဖြေ လျှော့လိုက်တယ်လို့ နိုင်ငံပိုင်မီဒီယာတွေက ယနေ့ ဖော်ပြပါတယ်။

မြောက်ကိုရီးယားနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားတာဟာ တောင်ကိုရီးယားနိုင်ငံကြောင့်လို့ မြောက်ကိုရီးယားက ဒီသီတင်းပတ်အစောပိုင်းမှာ ပြစ်တင်ခဲ့ပြီး တောင်ကိုရီးယား အာဏာပိုင်တွေကို ချေမှုန်းပစ် မယ်လို့ ခြိမ်းခြောက်ပြီးနောက် ယခုလို ကြေညာလိုက်တာဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကင်းစင်အောင် အချိန်တိုအတွင်း လုပ်ဆောင်နိုင်ခဲ့တာ ကြောင့် ဗိုင်းရပ်စ်ဆိုင်ရာကန့်သတ်ချက်တွေ ဖြေလျှော့ရတာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရမယ့်အမိန့်ကို ရှေ့တန်းနဲ့ နယ်စပ်ဒေသတွေကလွဲလို့ ကျန်တဲ့ဒေသ တွေမှာ ရုတ်သိမ်းလိုက်ပြီလို့ သိရပါတယ်။ နယ်စပ်ဒေသတွေမှာ ခပ်ခွာခွာနေစည်းမျဉ်းနဲ့ အခြား ဗိုင်းရပ်စ်တိုက် ဖျက်ရေး အစီအမံတွေကို ရုတ်သိမ်းလိုက်ပြီဖြစ်ပါတယ်။

ဒါပေမယ့် ကိုဗစ်-၁၉ ရောဂါလက္ခဏာရှိသူတွေက နှာခေါင်းစည်းတပ်ဆင်ဖို့ လိုအပ်သလို ပြည်သူတွေအ နေနဲ့ သတိဝီရိယနဲ့နေကြဖို့ တိုက်တွန်းထားပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကိုယ်တိုင် ကိုဗစ်-၁၉ ကူးစက်မှု ခံခဲ့ရတယ်လို့ ညီမဖြစ်သူ ကင်ယိုဂျောင်က ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံမှာ ဧပြီလနှောင်းပိုင်းနောက်ပိုင်း ကိုဗစ်ကူးစက်ခံရသူ ၄ ဒသမ ၈ သန်းကျော်နဲ့ သေဆုံးသူ ၇၄ ဦးရှိခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က ပြောပါတယ်။

ကိုးကား – CNA
Ref; North Korea lifts mask mandate after COVID-19 ‘victory’