ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၃ ရက်

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ် ဆိုလားကူးကျေးရွာမှာ အင်အား ၂၀၀၊ စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ လွိုင်ကော် PDF အပြင် KA၊ KNDF၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး၊ တပ်ရင်း ၁၁၀၁၊ ဒီးမော့ဆို PDF၊ တပ်ရင်း ၁၁၀၇၊ မိုးဗြဲ PDF၊ KRU နှင့် KGZ စတဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ ဩဂုတ်လ ၉ရက်နေ့မှ ၁၂ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း လွိုင်ကော် PDF မှ သတင်းထုတ်ပြန်ထားသည်။

လေးရက်ဆက်တိုက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးကာ လွိုင်ကော် PDF မှ အသက် ၁၉ နှစ်အရွယ် ရဲဘော် စီနီးလို ကျဆုံးခဲ့ကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး စနိုက်ပါအဖွဲ့ကလည်း ဆိုလျားကူးတိုက်ပွဲအတွင်း စစ်ကောင်စီ ၁၁ဦးကို ပစ်ခတ်နိုင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲကာလအတွင်း PDF ရဲဘော် (၂) ဦးလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး စစ်ကောင်စီဘက်မှလည်း ထိခိုက်မှုများရှိခဲ့ပြီး အရေအတွက်ကို ဆက်ပြီး အတည်မပြုနိုင်သေးကြောင်း ရေးသားဖော်ပြထားသည်။

ဓာတ်ပုံ – Loikaw PDF