ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၆ ရက်

အာဏာသိမ်းစစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန် လာစဉ် မြန်မာ့လူဉီးရေ သုံးပုံတစ်ပုံဟာ လူသားချင်းစာနာမှု အကူအညီ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ အဖွဲ့က ပြောပါတယ်။

ဇူလိုင်လအထိ တစ်နှစ်တာကာလအတွင်း ပြုစုထားတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ ဆိုင်ရာ အစီရင်ခံစာတစ်စောင်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ထုတ်ပြန်ခဲ့ ပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်း ပြည်သူတွေ အစုလိုက်အပြုံလိုက် အိုးအိမ်စွန့်ခွာရမှုနဲ့ စားနပ်ရိက္ခာမဖူလုံမှု ဖြစ်စေခဲ့တဲ့ အရှိန်မြှင့်လာသော ပဋိပက္ခတွေကြောင့် လူသားချင်းစာနာမှု လိုအပ်ချက်တွေ မြင့်တက်လာ ခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

မြန်မာ့လူဦးရေရဲ့ သုံးပုံတစ်ပုံခန့်ဖြစ်တဲ့ ပြည်သူ ၁၈ ဒသမ ၆ သန်းဟာ လူသားချင်းစာနာမှု အ ကူအညီ လိုအပ်နေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

၎င်းတို့အနက် ပြည်သူ ၅ ဒသမ ၃ သန်းက အရေးပေါ် ပံ့ပိုးကူညီမှု လိုအပ်နေတယ်လို့ ယူဆရ ကြောင်း အစီရင်ခံစာက ပြောပါတယ်။

အကျပ်အတည်းကို တုံ့ပြန်ဖို့ မြန်မာနိုင်ငံဟာ ဆိုးရွားသော ရန်ပုံငွေပြတ်လပ်မှုတွေ ရင်ဆိုင်နေရ ပြီး အရေးပေါ်ရန်ပုံငွေတွေ မရှိတော့ဘူးလို့ အစီရင်ခံစာက ဖော်ပြပါတယ်။

မြန်မာပြည်သူတွေကို အရေးပေါ် ပံ့ပိုးကူညီဖို့ ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယိုဂူတာရက်စ်က နိုင်ငံတကာ အသိုင်းအဝိုင်းကို ပန်ကြားပါတယ်။

ကိုးကား – NHK
Ref; UN: A third of Myanmar’s population need humanitarian support

#Ayeyarwaddy_Times