
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၆ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် အုပ်ချုပ်ရေးမှူးရုံးများမှ စားအုန်းဆီ ၀ယ်ယူခွင့်စာအုပ်များကိုစက်တင်ဘာလ ၄ရက်နေ့တွင် စတင်ပြီးထုတ်ပေးနေကြောင်း သိရသည်။
ပုသိမ်မြို့၊အမှတ် ၆ရပ်ကွက် ၊ အုပ်ချုပ်ရေးမှူးရုံးတွင် အိမ်ထောင်စုစာရင်းမူရင်းပြသူများကို စားအုန်းဆီ၀ယ်ယူခွင့်စာအုပ် စတင်ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း ရပ်ကွက်နေထိုင်သူများထံမှသိရှိရသည်။
“ဟိုးတုန်းက သမဝါယမ ခေတ်ကို ပြန်ရောက်သွားသလိုပါပဲ။ စာအုပ်လုပ်ခအတွက် ငါးရာကျပ်ပေးရတယ်။ စာအုပ်ထဲမှာပါတဲ့
ဆိုင်မှာ တစ်လကို သုံးကြိမ်ထုတ်ခွင့်ရှိတယ်။ အမှန်ကတော့ လုံလောက်မှုတော့မရှိပါဘူး၊ ဒါပေမယ့်အပြင်ဈေးနဲ့ကွာတော့ စာအုပ်လုပ်လိုက်ရတာပဲ”ဟုရပ်ကွက်နေ အမျိုးသမီးတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
အဆိုပါစာအုပ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် တစ်လအတွင်းစားအုန်းဆီ တစ်ပိသာ ငါးဆယ်သား ထုတ်ယူနိုင်ပြီး ၁၀ရက်လျှင်
ငါးဆယ်သားနှုန်းဖြင့် ထုတ်ယူရမည်ဟု သိရသည်။
ပုသိမ်မြို့တွင် စားအုန်းဆီ တစ်ပိသာလျှင် ၂၀၀၀၀ကျပ် အထိ ဈေးပေါက်နေပြီး အခြေခံလက်လုပ်လက်စား ပြည်သူများအတွက် အခက်အခဲမျိုးစုံကြုံတွေ့နေရသည်ဟု ဒေသခံများကဆိုသည်။
#ဆယ်ရက် #စားအုန်းဆီ #၅၀သားဝယ်ယူခွင့် #စာအုပ်များ #ပုသိမ် #စတင်ပြုလုပ်ပေး #Ayeyarwaddy_Times