(မြန်မာပဋိပက္ခကို အာဆီယံအဖွဲ့တစ်ခုတည်းက မဖြေရှင်းနိုင်တာကို နိုင်ငံတကာအသိုင်းအဝိုင်းက ဝန်ခံဖို့ လိုအပ်)

ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၄ ရက်

မြန်မာပဋိပက္ခ ၃ နှစ်ကျော် ကြာမြင့်လာချိန်မှာ နိုင်ငံတကာအသိုင်းအဝိုင်းဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိဖို့ အာဆီယံအဖွဲ့အပေါ် မျှော်လင့်ချက် ကြီးမားလွန်းတယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိလာပါ တယ်။

အရှေ့တောင်အာရှမှ တိုင်းပြည် ၁၀ ခုရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးပေါင်းစည်းမှုတစ်ခုဖြစ်တဲ့ အာဆီ ယံအဖွဲ့ဟာ မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ အကျပ်အတည်းကို ဖြေရှင်းနိုင်တဲ့ စွမ်းရည်နဲ့သမိုင်းကြောင်း မရှိ ဘူးလို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) မှ အာရှတိုက်ဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူး ဘ ရိုင်နီလော်က ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေလို ကမ္ဘာ့အင်အားကြီး တိုင်းပြည်တွေဟာ အကျိုး သက်ရောက်မှုတွေ ပိုရှိနိုင်တယ်လို့ သူက ရှင်းပြပါတယ်။ မြန်မာနိုင်ငံနဲ့ ပထဝီအနေအထား ဆက်နွှယ်မှု ကြောင့် ကမ္ဘာ့နိုင်ငံတွေဟာ မြန်မာ့အရေးဖြေရှင်းရာမှာ ဉီးဆောင်မှုယူဖို့ အာဆီယံအဖွဲ့ကို မျှော်လင့်ခဲ့ပါ တယ်။

မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရ ကို ဖြုတ်ချချိန်မှာ ပဋိပက္ခ စတင်ခဲ့ပြီး ပြည်သူတွေက အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ခဲ့ပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်း အရပ်သား ၆၀၀၀ နီးပါး သေဆုံးခဲ့ပြီး ၂၇၀၀၀ ကျော် အကျဉ်းချခံရကာ ၁ ဒသမ ၄ သန်းခန့် အိုးအိမ်စွန့်ခွာခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သက်ဆိုင်ရာ အဖွဲ့အစည်းတွေ စိတ်ရှည်သည်းခံမှု ကျင့်သုံးဖို့နဲ့ ဘုံသဘောတူညီချက် ၅ ရပ်မှ တစ်ဆင့် မြန်မာပဋိပက္ခဖြေရှင်းဖို့ သံန္နိဌာန်ချထားတယ်လို့ ဇူလိုင်လအတွင်း အာဆီယံအဖွဲ့က ပူးတွဲ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက အကြမ်းဖက်မှုတေွ အဆုံး သတ်ဖို့၊ ငြိမ်းချမ်းသောအဖြေရှာဖို့နဲ့ လူသားချင်းစာနာမှု အကူအညီ အဟန့်အတားမရှိ ပေးအပ်ခွင့်ပြုဖို့ လည်း အာဆီယံအဖွဲ့က တောင်းဆိုခဲ့ပါတယ်။

လက်ရှိအချိန်ထိ အာဏာသိမ်းစစ်ကောင်စီရဲ့ အာဆီယံအဖွဲ့ရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို လျစ် လျူရှုခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) လိုမျိုး လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေဟာ အဆုံးမသတ်နိုင်တဲ့ အိပ်မက်ဆိုးတစ်ခုအဖြစ် ပြောင်းလဲလာခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတပ်ခ်က မတ်လအတွင်း ပြောကြားခဲ့ပါတယ်။

ဥရောပသမဂ္ဂ၊ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတို့က အာဏာသိမ်းစစ်ကောင်စီအပေါ် ဒဏ်ခတ်ပိတ်ဆို့ မှုတွေ ပြုလုပ်ခဲ့လင့်ကစား အကန့်အသတ်နဲ့သာ အကျိုးသက်ရောက်မှုရှိခဲ့ပါတယ်။ အာဆီယံအဖွဲ့ရဲ့ မြန် မာ့အရေး အဆုံးသတ်နိုင်စွမ်းကို ကန့်သတ်နေတဲ့ အဓိကပြဿနာမှာ အာဆီယံအဖွဲ့ဟာ ကုန်သွယ်ရေး သို့မဟုတ် နိုင်ငံရေးအဖွဲ့အစည်းတစ်ခုထက် ပိုတာဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာရှေ့နေအသင်း (IBA) လူ့အခွင့်အရေးအင်စတီကျု့ရဲ့ ပူးတွဲဉက္ကဌ မတ်ခ်စတီဖန်က ပြောပါတယ်။

အာဆီယံအဖွဲ့ကို လက်ရှိမှာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့နဲ့ ဖွဲ့စည်းထားပြီး အဖွဲ့ဝင်နိုင်ငံအများစုဟာ အာဏာရှင်နိုင် ငံတွေဖြစ်လို့ တရားဉပဒေစိုးမိုးမှုမြင့်တင်ရာမှာ အမှန်တစ်ကယ်ကို အခက်အခဲရှိတယ်လို့ စတီဖန်က ပြောပါတယ်။

အာဆီယံအဖွဲ့မှာ ဒီမိုကရေစီကို မလိုလားဘဲ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်ပျက်နေတာကို ဂရုမ စိုက်တဲ့ တိုင်းပြည်အချို့ရှိနေတယ်လို့ ဝါရှင်တန်မြို့တော်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့ လာရေးစင်တာမှ အကြီးတန်းသုတေသီ အီရင်မာဖီက ပြောပါတယ်။

အင်ဒိုနီးရှား၊ မလေးရှားက မြန်မာ့အရေးကို အားမလိုအားမရဖြစ်နေပြီး ဗီယက်နမ်နိုင်ငံက ကြား နေဝါဒကျင့်သုံးကာ ကမ္ဘောဒီးယားနိုင်ငံက ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ဖို့ မြန်မာစစ်တပ်ကို တွန်းအားပေးခဲ့ကြောင်း၊ အာဆီယံအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေဟာ အဖွဲ့ရဲ့ လက်ရှိဉက္ကဌက ဘယ်သူလဲ ဆိုတဲ့အပေါ် မူတည်တယ်လို့ သူက ဆိုပါတယ်။

အာဆီယံအဖွဲ့ဟာ နှစ်စဉ် အဖွဲ့ဝင်တစ်နိုင်ငံကို ဉက္ကဌအဖြစ် ခန့်အပ်ကာ အစည်းအဝေးတွေ ကျင်းပဖို့နဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ချောမွေ့စေမယ့် အကြံဉာဏ်တွေပေးဖို့သာဖြစ်ပါတယ်။ အာဆီယံအဖွဲ့ရဲ့ လက်ရှိအလှည့်ကျဥက္ကဌဟာ တစ်ပါတီစနစ်အခြေခံတဲ့ အာဏာရှင်အစိုးရအဖြစ် အမေ ရိကန်နိုင်ငံက ယူဆထားတဲ့ လာအိုနိုင်ငံဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်မှာ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဉက္ကဌ က မလေးရှားနိုင်ငံဖြစ်ပါတယ်။

မလေးရှားနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဌ တာဝန်ယူပါက မြန်မာ့အရေး ချည်းကပ်မှု ပြောင်းလဲ နိုင်တယ်လို့ Myanmar Accountability Project ရဲ့ ညွှန်ကြားရေးမှူး ခရစ်ဂင်းနစ်က ပြောပါတယ်။ မြန်မာစစ်ကောင်စီ အကြီးတန်း တာဝန်ရှိသူတွေကို ဒေသတွင်း အဆင့်မြင့်အစည်းအဝေးတွေမှာ မဖိတ် ကြားသလို ဘုံသဘောတူညီချက် ၅ ရပ်ဖော်ဆောင်ဖို့ တွန်းအားပေးခြင်းအားဖြင့် အာဆီယံအဖွဲ့ဟာ မျှော်လင့်တာထက် ပိုမို လုပ်ဆောင်ခဲ့ပြီးပြီလို့ အီရင်မာဖီက ယူဆပါတယ်။

အချိန်ကြာမြင့်လာတာနဲ့အမျှ အာဆီယံအဖွဲ့က စိတ်ရှည်သည်းခံမှု မရှိတော့ဘဲ မြန်မာစစ်ကောင် စီကို အသိအမှတ်ပြုတဲ့ အတုအယောင် ရွေးကောက်ပွဲဟာ ရှေ့ဆက်ရမယ့် နည်းလမ်းတစ်ရပ်အဖြစ် အာ ဆီယံအဖွဲ့က လက်ခံလာမှာကို အီရင်မာဖီက စိုးရိမ်နေပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းဟာ မြန်မာပ ဋိပက္ခ ဖြေရှင်းရာမှာ ပိုမို တက်ကြွစွာ လုပ်ဆောင်ရမယ်လို့ နိုင်ငံတကာလေ့လာသူတွေက ယူဆပါတယ်။

ဒေသတွင်း အင်အားကြီးတိုင်းပြည်တစ်ခုဖြစ်တဲ့ အိန္ဒိယက ကုလသမဂ္ဂနဲ့အတူ မြန်မာ့အရေး အ ဖြေရှာရာမှာ ပိုမို ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ဖို့ ၎င်းက အကြံပြုပါတယ်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီဟာ ၂၀၂၂ ခုနှစ်အတွင်း အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပါတယ်။

မြန်မာစစ်ကောင်စီ စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေရရှိဖို့ ပံ့ပိုးကူညီနေတဲ့ ပြည်ပဘဏ်တွေ ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အစီရင်ခံစာတင်ပြသူ သောမတ်အန်ဒရူးက ဇွန်လအ တွင်း အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ကုလသမဂ္ဂအနေနဲ့ လုပ်နိုင်တာတွေရှိတယ်လို့ အီရင် မာဖီက ပြောပါတယ်။

မြန်မာနိုင်ငံတွင်း မြေပြင်မှာတော့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ စတင်ခဲ့တဲ့ “၁၀၂၇ စစ်ဆင် ရေး” ကြောင့် စစ်ကောင်စီကို တွန်းလှန်နေတဲ့ တော်လှန်ရေးအဖွဲ့တွေဟာ အောင်မြင်မှုတွေ ရရှိခဲ့ပြီး နယ်မြေစိုးပိုင်မှုတွေ ရရှိနေပါတယ်။ တော်လှန်ရေးအဖွဲ့တွေက နယ်မြေထိန်းချုပ်မှုတွေ ရရှိလာလို့ စစ် တပ်ကို ဖြုတ်ချဖို့အထိ တစ်ဖြည်းဖြည်း မျှော်လင့်လာပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာ့အရေး ဖြေရှင်းရာမှာ အာဆီယံအဖွဲ့ရဲ့ ထင်ရှားသော အခန်းကဏ္ဍကို ဆက်လက်ပြီး အသိအမှတ်ပြုရမှာဖြစ်သလို မြန်မာပဋိပက္ခကို အာဆီယံအဖွဲ့တစ်ခု တည်းက မဖြေရှင်းနိုင်တာကို ဝန်ခံရမယ်လို့ ဘရိုင်နီလော်က ပြောပါတယ်။

စက်တင်ဘာလ ၂ ရက်က အပြည်ပြည်ဆိုင်ရာရှေ့နေအသင်း (IBA) ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ ဆောင်း ပါးရှင် Rebecca Root ရဲ့ International community beyond ASEAN must come together to resolve conflict in Myanmar ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။

#Ayeyarwaddy_Times