ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃ ရက်

အမေရိကန်နိုင်ငံရဲ့ ပို့ကုန်ထိန်းချုပ်ရေးဥပဒေတွေကို ရှောင်လွှဲကာ တရားမဝင် ဝယ်ယူပြီး တိုင်း ပြည်ပြင်ပကို မှောင်ခိုထုတ်ခဲ့တဲ့ ဗင်နီဇွဲလားသမ္မတရဲ့ ဇိမ်ခံဂျက်လေယာဉ်ကို အမေရိကန် တာဝန်ရှိသူ တွေက သိမ်းယူလိုက်တယ်လို့ သိရပါတယ်။

ဗင်နီဇွဲလားသမ္မတ နီကိုးလပ်မာဒူရိုနဲ့ ဇနီးသည် စီလီယာဖလော်ရစ်တို့ရဲ့ နိုင်ငံတော်အဆင့် ခရီး စဉ်တွေမှာ အသုံးပြုခဲ့တဲ့ အဖြူရောင် Dassault Falcon 900EX ဇိမ်ခံလေယာဉ်ကို ဒိုမီနီကန်သမ္မတနိုင်ငံ မှာ သိမ်းယူကာ ဖလော်ရီဒါပြည်နယ်သို့ မောင်းနှင်ခဲ့တယ်လို့ အမေရိကန် တရားရေးဝန်ကြီးဌာနက စက် တင်ဘာလ ၂ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဆန်မာရီနိုနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ အဆိုပါဇိမ်ခံဂျက်လေယာဉ်ကို ဒီနှစ်အစောပိုင်း ဂူယာနာနဲ့ ကျူးဘားခရီးစဉ်တွေအပါအဝင် မာဒူရိုနဲ့ ဗင်နီဇွဲလား အကြီးတန်းတာဝန်ရှိသူတွေရဲ့ ပြည်ပခရီးစဉ်မှာ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်ဒေါ်လာ ၁၃ သန်းတန်ကြေးရှိ အဆိုပါဇိမ်ခံလေယာဉ်ကို ၂၀၂၂ ခုနှစ်နှောင်းပိုင်းက ဖလော်ရီဒါပြည်နယ်ရှိ ရောင်းချသူတွေထံမှ ဝယ်ယူခဲ့တာလို့ အမေရိကန်နိုင်ငံက ပြောကြားခဲ့ပါတယ်။

မာဒူရိုရဲ့ အပေါင်းအဖော်တွေပါဝင်မှုကို ဖုံးကွယ်ဖို့ ဇိမ်ခံဂျက်လေယာဉ် ရောင်းချဖို့ သဘောတူညီ ချက်ကို ကာရစ်ဘီယံအခြေစိုက် ကုမ္ပဏီတစ်ခုမှတစ်ဆင့် ပြုလုပ်ခဲ့တာလို့ အမေရိကန် အာဏာပိုင်တွေ က ပြောပါတယ်။

မာဒူရိုနဲ့ သူ့ရဲ့ခရိုနီတွေ အသုံးပြုဖို့ အဆိုပါဇိမ်ခံဂျက်လေယာဉ်ကို အမေရိကန်နိုင်ငံပြင်ပ မှောင်ခို ထုတ်ခဲ့တယ်လို့ အမေရိကန် ရှေ့နေချုပ် မာရစ်ခ်ဂါးလန်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ မာဒူရို အနိုင်ရရှိကြောင်း ရွေးကောက်ပွဲ အာ ဏာပိုင်တွေက ကြေညာခဲ့ပြီး တစ်လအကြာမှာ အခုလို သူ့ရဲ့ ဇိမ်ခံဂျက်လေယာဉ်ကို သိမ်းယူလိုက်တာ ဖြစ်ပါတယ်။

အဆိုပါဇိမ်ခံဂျက်လေယာဉ်ကို ယခင်က အမေရိကန်နိုင်ငံမှာ မှတ်ပုံတင်ထားပြီး အသုံးပြုပြီးသား လေယာဉ်တွေ ဝယ်ယူ၊ ရောင်းချရေး ပွဲစားဖြစ်တဲ့ ဖလော်ရီဒါပြည်နယ်အခြေစိုက် Six G Aviation က ပိုင်ဆိုင်ခဲ့တာလို့ သိရပါတယ်။

ကိုးကား – Sky News
Ref; Luxury jet used by Venezuelan president Nicolas Maduro seized by US officials

#Ayeyarwaddy_Times