
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃ ရက်
ဗြိတိန်နိုင်ငံက အစ္စရေးသို့ စစ်လက်နက်အချို့ ရောင်းချမှု ရပ်ဆိုင်းလိုက်ပြီး အဆိုပါစစ်လက်နက် တွေကို အပြည်ပြည်ဆိုင်ရာဥပဒေ ချိုးဖောက်မှုတွေကျူးလွန်ဖို့ အသုံးပြုနိုင်တာကြောင့် အန္တရာယ်ရှိ တယ်လို့ ပြောပါတယ်။
ဗြိတိန်နိုင်ငံက အစ္စရေးသို့ စစ်လက်နက်တင်ပို့မှုလိုင်စင် ၃၅၀ အနက် ၃၀ ကို ရပ်ဆိုင်းမယ်လို့ နိုင် ငံခြားရေးဝန်ကြီး ဒေးဗစ်လမ်မီက ပြောပါတယ်။
ဗြိတိန်ရဲ့ အစ္စရေးသို့ရောင်းချမှု ပိတ်ပင်လိုက်တဲ့ စစ်လက်နက်တွေထဲမှာ ဂျက်တိုက်လေယာဉ် တွေ၊ ရဟတ်ယာဉ်တွေနဲ့ မောင်းသူမဲ့လေယာဉ်တွေ ပါဝင်တယ်လို့ သိရပါတယ်။
ဗြိတိန်နိုင်ငံက အစ္စရေးရဲ့ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကို ဆက်လက်ထောက်ခံပြီး စစ်လက် နက်တင်ပို့မှု ပိတ်ပင်ဖို့အထိ အရေးမယူဘူးလို့ ဒေးဗစ်လမ်မီက ပြောပါတယ်။
ဗြိတိန်ရဲ့ဆုံးဖြတ်ချက်ကြောင့် စိတ်ပျက်ရတယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant က လူမှုကွန်ရက် X မှာ ရေးသားခဲ့ပြီး ဟားမာစ်အဖွဲ့နဲ့အီရန်နိုင်ငံအတွက် ခက်ခဲသော သတင်းစကားတစ် ခုလို့ နိုင်ငံခြားရေးဝန်ကြီး အစ္စရေးကတ်ဇ်က ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ ဟားမာစ်အဖွဲ့ကို စစ်ပွဲဆင်နွှဲနေတဲ့ အစ္စရေးနိုင်ငံသို့ စစ်လက်နက်တွေ ရောင်းချတာ ပိတ်ပင်ဖို့ အနောက်နိုင်ငံအစိုးရတွေ ဖိအားပေးခံနေရပါတယ်။
ဗြိတိန်နိုင်ငံရဲ့ဆုံးဖြတ်ချက်ဟာ စစ်ရေးအရထက် နိုင်ငံရေးအရ ပိုမိုအရေးပါပြီး ဗြိတိန်ရဲ့ အစ္စရေး သို့ စစ်လက်နက်တွေရောင်းချမှုဟာ ပမာဏနည်းပါးပြီး အစ္စရေးနိုင်ငံ လက်နက်တင်သွင်းမှုရဲ့ ၁ ရာခိုင် နှုန်းမျှသာ ရှိပါတယ်။
အမေရိကန်နိုင်ငံဟာ အစ္စရေးသို့ စစ်လက်နက်အများဆုံး ထောက်ပံ့တဲ့တိုင်းပြည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်ကြား သမားရိုးကျ စစ်လက်နက်တင်သွင်းမှုရဲ့ ၆၉ ရာခိုင်နှုန်းအထိ တင်ပို့ခဲ့တယ်လို့ စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး
သုတေသနအင်စတီကျု့ရဲ့ အချက်အလက်တွေအရ သိရ ပါတယ်။
ကိုးကား – BBC
Ref; UK suspends some arms exports to Israel
#Ayeyarwaddy_Times