
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃ ရက်
ရုရှားနိုင်ငံအနောက်တောင်ပိုင်း Kursk ဒေသမှာ ယူကရိန်းက ဝင်ရောက်တိုက်ခိုက်တာဟာ ယူ ကရိန်းအရှေ့ပိုင်းမှာ ရုရှားတပ်ဖွဲ့တေွ ချီတက်လာမှုကို ရပ်တန့်စေမှာမဟုတ်ဘူးလို့ သမ္မတ ဗလာဒီမာပူ တင်က ပြောပါတယ်။
ရုရှားပိုင်နက်အတွင်းက ယူကရိန်းတပ်ဖွဲ့ဝင်တွေကို အရေးယူမယ်လို့ ပူတင်က ဆိုပါတယ်။ ရုရှား တပ်ဖွဲ့တွေဟာ တစ်စိတ်တစ်ဒေသ သိမ်းပိုက်ထားတဲ့ ဒွန်းနက်ခ်နဲ့ လူဟန့်ခ်ဒေသတွေမှာ ချီတက်မှုပြု လုပ်ခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
ဩဂုတ် ၆ ရက်မှာ Kursk ဒေသတွင်းသို့ ယူကရိန်းရဲ့ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်မှု ကြောင့် ပြည်သူ ၁၃၀၀၀၀ ဝန်းကျင် အိုးအိမ်စွန့်ခွာခဲ့ရပြီး ယူကရိန်းအရှေ့ပိုင်း စစ်မျက်နှာပြင်မှ တပ်ဖွဲ့ တွေကို အာရုံလွှဲဖို့ ကြိုးပမ်းမှုအနေနဲ့ နယ်စပ်အနီး ဒါဇင်နဲ့ချီတဲ့ မြို့တွေ၊ ရွာတွေကို သိမ်းပိုက်ခဲ့ပါတယ်။
မွန်ဂိုလီးယားခရီးစဉ်မတိုင်မီ ရုရှားနိုင်ငံရဲ့ ပညာသင်နှစ်စတင်တဲ့ ပထမနေ့အထိမ်းအမှတ် အခမ်းအနားတစ်ခုမှာ ပူတင်က အခုလို ပြောကြားခဲ့တာပါ။
“ပြည်သူတွေ အထူးသဖြင့် Kursk ဒေသမှ ပြည်သူတွေဟာ အခက်အခဲတွေ ရင်ဆိုင်နေရပေမယ့် ရန်သူရဲ့ အဓိကရည်မှန်းချက်ဖြစ်တဲ့ ဒွန်ဘတ်စ်ဒေသမှာ ရုရှားရဲ့ ထိုးစစ်ဆင်မှုကို ရပ်တန့်ဖို့ရည်မှန်း ချက်က မအောင်မြင်ခဲ့ပါဘူး” လို့ သူက ဆိုပါတယ်။
ယူကရိန်းအရှေ့ပိုင်းမှာ ရုရှားတပ်ဖွဲ့တွေဟာ မကြုံဖူးတဲ့နှုန်းနဲ့ စစ်ချီတက်မှုတွေ ပြုလုပ်နေတယ် လို့ ၎င်းက ဆက်ပြောပါတယ်။
“နယ်စပ်ဒေသတွေမှာ မတည်မငြိမ်ဖြစ်အောင် ကြိုးပမ်းနေတဲ့ ရုရှားပိုင်နက် အထူးသဖြင့် Kursk ဒေသတွင်း ကျူးကျော်လာတဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေကို အရေးယူမှာဖြစ်ပါတယ်” လို့ ပူတင်က ပြောပါ တယ်။
ကိုးကား – The Moscow Times
Ref; Putin says Kursk incursion will not stop Russian advance in eastern Ukraine
#Ayeyarwaddy_Times