ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၃ ရက်

ထိန်းသိမ်းခံထားရတဲ့ စီးပွားရေးပညာရှင် ရှောင်တာနယ်လ်ရဲ့ အမှုနဲ့ပတ်သက်ပြီး သြစတြေးလျနိုင်ငံက အာဏာသိမ်းစစ်ကောင်စီကို ဒဏ်ခတ်အရေးယူမှုတွေပြုလုပ်ဖို့ စဉ်းစားနေတယ်လို့ ခေတ္တဝန်ကြီးချုပ် ရစ်ချတ်မာ လက်စ်က ပြောပါတယ်။
ပါမောက္ခ ရှောင်တာနယ်လ် သြစတြေးလျနိုင်ငံရှိ မိသားစုထံ အန္တရာယ်ကင်းစွာ ပြန်မရောက်သရွေ့ သြ စတြေးလျအစိုးရက စိတ်ချလက်ချရှိမှာမဟုတ်ဖူးလို့ ရစ်ချတ်က ပြောပါတယ်။

သြစတြေးလျအစိုးရက စစ်ကောင်စီအပေါ် ဒဏ်ခတ်အရေးယူမှုတွေပြုလုပ်မယ့် ဆုံးဖြတ်ချက်ကို ဘယ် တော့ချမှတ်မလဲလို့ မေးမြန်းရာမှာ “ကျွန်တော်တို့ မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေရာ ပါမောက္ခ ရှောင် တာနယ်လ် သြစတြေးလျနိုင်ငံကို ဘေးအန္တရာယ်ကင်းစွာ ပြန်လည်ရောက်ရှိစေဖို့ဖြစ်ပါတယ်” လို့ သူက ဖြေပါ တယ်။

ပါမောက္ခ ရှောင်တာနယ်လ်ကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံတော်လျှို့ဝှက် ချက်ဥပဒေ ချိုးဖောက်မှုစွဲချက်တွေနဲ့ တရားစွဲဆိုထားပါတယ်။

ပါမောက္ခ ရှောင်တာနယ်လ်ဟာ စစ်တပ်ရဲ့ ဖမ်းဆီးမှုခံရပြီး ၁၈ လအကြာ ဒီသီတင်းပတ်အတွင်း ပထမ ဆုံးအကြိမ်အဖြစ် တရားရုံးမှာ အပြစ်မရှိဘူးလို့ ထွက်ဆိုခဲ့သလို ၄င်းရဲ့ရှေ့နေတွေကိုလည်း အမှုနဲ့ပတ်သက်လို့ စကားပြောဆိုခွင့် ပိတ်ပင်ထားပါတယ်။

ပါမောက္ခ ရှောင်တာနယ်လ်ဟာ စစ်တပ်ရဲ့ အာဏာသိမ်းမှုအတွင်း ရာထူးမှဖြုတ်ချကာ ဖမ်းဆီးခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပေးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ပါမောက္ခ ရှောင်တာနယ်လ်ရဲ့အမှုကို ကိုင်တွယ်တဲ့နည်းလမ်းနဲ့ပတ်သက်လို့ စိုးရိမ်မိတယ်လို့ ရစ်ချတ်က ပြောပါတယ်။ “ကျွန်တော်တို့မျှော်လင့်တာ အမှုကိုစစ်ဆေးရာမှာ ပွင့်လင်းမြင်သာမှုနဲ့ တရားမျှတမှုဖြစ်ပါတယ်” လို့ ၄င်းက ဆိုပါတယ်။

ကိုးကား – The West Australian
Ref; Australia considering sanctioning Myanmar over detained academic