
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁ ရက်
အမှုထမ်း ၃ ဦးနဲ့ ခရီးသည် ၁၉ ဦး တင်ဆောင်တဲ့ ရုရှားရဟတ်ယာဉ်တစ်စင်း အရှေ့ဖျားဒေသ ကမ်ချတ်ကာကျွန်းဆွယ်မှာ ပျောက်ဆုံးသွားခဲ့တယ်လို့ လေကြောင်းပို့ဆောင်ရေးအေဂျင်စီရဲ့ ကနဦးသ တင်းတွေအရ သိရပါတယ်။
Mi-8T ရဟတ်ယာဉ်ဟာ ဗတ်ကာဇတ်မီးတောင်အနီးက လေတပ်အခြေစိုက်စခန်းတစ်ခုမှ ထွက် ခွာခဲ့ပေမယ့် သတ်မှတ်ချိန်အရောက် သတင်းပို့ဖို့ ပျက်ကွက်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါ တယ်။
၁၉၆၀ ခုနှစ်များအတွင်း ထုတ်လုပ်ခဲ့တဲ့ အင်ဂျင်နှစ်လုံးတပ် Mi-8T ရဟတ်ယာဉ်တွေကို ရုရှားနဲ့ အိမ်နီးချင်းတိုင်းပြည်တွေမှာ တွင်ကျယ်စွာ အသုံးပြုပါတယ်။
ဩဂုတ်လ ၁၂ ရက်ကလည်း လူ ၁၆ ဦး တင်ဆောင်လာတဲ့ Mi-8 ရဟတ်ယာဉ်တစ်စင်း ရုရှားအ ရှေ့ဖျားဒေသ ကမ်ချတ်ကာကျွန်းဆွယ်မှာ ပျက်ကျခဲ့ပါသေးတယ်။
Vityaz-Aero ကုမ္ပဏီက ပြေးဆွဲတဲ့ ခရီးသည် ၁၃ ဦးနဲ့ အမှုထမ်း ၃ ဦးပါ အဆိုပါရဟတ်ယာဉ် ဟာ ကမ်ချတ်ကာကျွန်းဆွယ်တောင်ဘက် ရေကန်တစ်ကန်အနီး ပျက်ကျခဲ့တာလို့ ဒေသန္တရ အရေးပေါ် ကယ်ဆယ်ရေးအေဂျင်စီက ပြောပါတယ်။
အဆိုပါရဟတ်ယာဉ်ဟာ မော်စကိုနဲ့ စိန့်ပီတာစဘတ်မြို့မှ ကမ္ဘာလှည့်ခရီးသွားတွေကို တင်ဆောင်ပြီး ပျံသန်းနေချိန်မှာ ပျက်ကျခဲ့တာပါ။
မော်စကိုမြို့ရဲ့အရှေ့ဘက် ကီလိုမီတာ ၆၀၀၀ ကျော်နဲ့ အလက်စကားပြည်နယ်ရဲ့အနောက်ဘက် ကီလိုမီတာ ၂၀၀၀ ခန့်အကွာမှာတည်ရှိတဲ့ ကမ်ချတ်ကာကျွန်းဆွယ်ဟာ သဘာဝအလှမြတ်နိုးတဲ့ ခရီး သွားတွေကြား ရေပန်းစားပါတယ်။
ကိုးကား – India Today
Ref; Russian helicopter with 22 on board goes missing in far east: Report
#Ayeyarwaddy_Times