
ဧရာဝတီတိုင်းမ်
ဩဂုတ် ၃၁ ရက်
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ လာမယ့်သီတင်းပတ်မှာ မွန်ဂိုလီးယားနိုင်ငံသို့ အလည်အပတ် ခရီးစဉ် သွားရောက်မယ်လို့ ရုရှားသမ္မတရုံးက ပြောပါတယ်။
ယူကရိန်းနိုင်ငံမှာ သံသယဖြစ်ဖွယ်ရာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်မှုကြောင့် ပြီးခဲ့တဲ့နှစ် မတ်လ အတွင်း အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) က ဗလာဒီမာပူတင်ကို ဖမ်းဝရမ်းထုတ်ပြီးနောက်ပိုင်း ယခုခရီးစဉ်ဟာ သူ့ရဲ့ ICC အဖွဲ့ဝင်တိုင်းပြည်သို့ ပထမဆုံးခရီးစဉ် ဖြစ်လာမှာပါ။
၁၉၃၉ ခုနှစ် ဂျပန်စစ်တပ်အပေါ် ဆိုဗီယက်နဲ့ မွန်ဂိုလီးယား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပူးတွဲ အောင်ပွဲရရှိမှု ၈၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွေကို တက်ရောက်ဖို့ ပူတင်ဟာ စက်တင် ဘာလ ၃ ရက်မှာ မွန်ဂိုလီးယားသို့ တရားဝင်ခရီးစဉ် သွားရောက်မယ်လို့ ရုရှားသမ္မတရုံးက ကြေညာခဲ့ပါ တယ်။
ICC အဖွဲ့ဝင်တိုင်းပြည်တစ်ခုအနေနဲ့ မွန်ဂိုလီးယားနိုင်ငံဟာ သူ့မြေပေါ်မှာ ခြေချလာပါက ပူ တင်ကို ထိန်းသိမ်းပိုင်ခွင့်ရှိပါတယ်။
ပူတင်ရဲ့ခရီးစဉ်ကို မွန်ဂိုလီးယားနိုင်ငံက ဖိတ်ကြားတာဖြစ်လို့ သူ့ကို မဖမ်းဆီးဖို့ ရုရှားနဲ့မွန်ဂိုလီး ယားကြား ကြိုတင်သဘောတူညီမှု ရရှိခဲ့တယ်လို့ ယူဆရပါတယ်။
ICC အဖွဲ့ဝင်ဖြစ်တဲ့ တောင်အာဖရိကနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လအတွင်း ထွန်းသစ်စစီးပွား ရေး ၅ နိုင်ငံရဲ့ BRICS ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ပူတင်က အဆိုပါထိပ်သီးအစည်းအဝေးသို့ တက် ရောက်မယ်လို့ ထင်မြင်ယူဆမှုတွေ ရှိခဲ့ပါတယ်။
သို့သော်လည်း ပူတင်ဟာ ဖမ်းဆီးခံရမှာကို စိုးရိမ်တာကြောင့် BRICS ထိပ်သီးဆွေးနွေးပွဲကို အွန်လိုင်းကနေတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ကိုးကား – NHK
Ref; Putin to visit ICC member country for first time since arrest warrant was served
#Ayeyarwaddy_Times