ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၃ ရက်
96 Soldiers – PDF တပ်ဖွဲ့အနေဖြင့် ယခင်က တောင်ပိုင်းတိုင်း၌ ကျားဖြူတပ်ခွဲ(၂) အဖြစ်ရှိခဲ့ပြီးဖြစ်ပြီး ယခုအခါ အညာဒေသတပ်ခွဲအား တိုးချဲ့ဖွဲ့စည်းလိုက်ကြောင်း ဩဂုတ်လ ၁၃ ရက်နေ့တွင် 96 Soldiers – PDF က ထုတ်ပြန်ကြေညာသည်။
96 Soldiers – PDF တပ်ဖွဲ့အနေဖြင့် အာဏာရှင်စနစ်အမြစ်ပြတ် သုတ်သင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးတိုက်ပွဲအတွင်း ကျဆုံးသွားသောရဟန်းရှင်လူ ကျောင်းသားပြည်သူများနှင့် ထောင်သွင်းအကျဉ်းချနှိပ်စက်ခံနေရသည့် ရဲဘော်များအတွက် အာဏာရှင်စနစ်အမြစ်ပြတ်သည် အထိ ပြင်းပြင်ထန်ထန် တော်လှန်တိုက်ထုတ်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုသည်ဟု -96 Soldiers – PDF ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။
ဓာတ်ပုံ-96 Soldiers – PDF