ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၉ ရက်

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် အဆုံးသတ်ဖို့နဲ့ ဒီမိုကရေစီ ပြန်လည်ရရှိဖို့ အာဆီယံအဖွဲ့ရဲ့ ကြိုး ပမ်းမှုကို အဓိက စတင်ဆောင်ရွက်သူအနေနဲ့ အင်ဒိုနီးရှားနိုင်ငံဟာ တာရှည်နေပြီဖြစ်တဲ့ အကျပ်အ တည်းကနေ ချွတ်ခြုံကျ မြန်မာနိုင်ငံကိုကူညီမယ့် အဖြေတစ်ခုရှာဖို့ တရုတ်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ တက်တက်ကြွကြွ လက်တွဲဆောင်ရွက်သင့်ပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ အဆင်ပြေစေဖို့ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် ဩဂုတ်လ ၁၄ ရက်မှာ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ နေပြည်တော်သို့သွားရောက်ကာ စစ် ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

တရုတ်နိုင်ငံက မြန်မာတွင်း ကစဉ့်ကလျားအခြေအနေတွေနဲ့ ပဋိပက္ခတွေကို ဆန့်ကျင်ပြီး တ ရုတ်-မြန်မာနယ်စပ်တစ်လျှောက် အခြေအနေတည်ငြိမ်စေမယ့် အစီအမံတွေ အရှိန်မြှင့်လုပ်ဆောင်ဖို့ မျှော်လင့်တယ်လို့ ဝမ်ယိက မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီးချိန်မှာ ပြောကြားခဲ့ပါတယ်။

စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ဖြတ်ချပြီးနောက် ၂ လအကြာ ၂၀၂၁ ခုနှစ်၊ ဧပြီလ အတွင်း ဂျကာတာမြို့တော်မှာပြုလုပ်တဲ့ အရေးပေါ် ထိပ်သီးဆွေးနွေးပွဲမှာ မင်းအောင်လှိုင် လက်ခံခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ဖို့ စစ်ကောင်စီကို တွန်းအားပေးဖို့ အာဆီယံအဖွဲ့ရဲ့ ကြိုးပမ်းမှု တွေဟာ ၃ နှစ်ကျော်ကြာမြင့်သည့်တိုင် မအောင်မြင်ခဲ့ပါဘူး။

အာဆီယံအဖွဲ့ဟာ မြန်မာစစ်ကောင်စီကို ဒေသဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲတွေမှာ တက်ရောက် ခွင့် ပိတ်ပင်ခဲ့ပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်မှာ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ အဖွဲ့အစည်းအားလုံးကြား တွေ့ဆုံဆွေးနွေးဖို့၊ လူသားချင်းစာနာမှု အကူအညီ ပေးအပ်ခွင့်ပြုဖို့နဲ့ မြန်မာ နိုင်ငံမှ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ အပြည့်အဝ တွေ့ဆုံခွင့်ရမယ့် အာဆီယံ အထူးကိုယ်စား လှယ်တစ်ဉီး ခန့်အပ်ဖို့ ပါရှိပါတယ်။

အာဆီယံအဖွဲ့ရဲ့ ငြိမ်းချမ်းရေးစီမံချက်လည်းဖြစ်တဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို ထောက်ခံဖို့ ဝမ်ယိက ကတိပြုခဲ့ပါတယ်။ ရာဇဝတ်မှုတွေ ထိန်းချုပ်နိုင်ခြင်းမရှိတဲ့ နယ်စပ်တစ်လျှောက် စစ်ကောင်စီ က လုံခြုံရေးမဆောင်ရွက်နိုင်တာကို တရုတ်နိုင်ငံက စိတ်မရှည်တော့လင့်ကစား မင်းအောင်လှိုင်က အစီ အစဉ်ကို ကြိုဆိုခဲ့ပါတယ်။

စစ်ကောင်စီဟာ လက်နက်ကိုင်တော်လှန်မှုကို ပိုမို ရင်ဆိုင်လာရတာကြောင့် မတည်ငြိမ်မှုတွေ ဖြစ်လာရတာပါ။ တော်လှန်ရေးအင်အားစုတွေဟာ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ရှမ်းပြည် နယ်မှာ နယ်မြေတွေ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

တရုတ်နိုင်ငံအတွက်ကမူ မြန်မာနိုင်ငံက စစ်ကောင်စီဖြစ်စေ အရပ်သားအစိုးရဖြစ်စေ နှစ်ခုစလုံး နဲ့ လက်တွဲလုပ်ဆောင်နိုင်တာကြောင့် လက်တွေ့မှာ ကွဲပြားမှုမရှိပါဘူး။

မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ တရုတ်နိုင်ငံရဲ့ ငြိမ်းချမ်းရေး သံခင်းတမန်ခင်းဟာ အာဆီယံအဖွဲ့နဲ့ အထူးသဖြင့် အင်ဒိုနီးရှားနိုင်ငံတို့ မလွဲနိုင်တဲ့ အရှိန်အဟုန်ကို ဖန်တီးနိုင်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံအနေ နဲ့ ၁၉၉၀ ပြည့်နှစ်က ကမ္ဘောဒီးယားနိုင်ငံမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ပြီးနောက် အရှေ့တောင်အာရှမှာ အရေးပါသော ငြိမ်းချမ်းရေးမစ်ရှင်တစ်ခုအတွက် တရုတ် နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ နောက်ထပ်အခွင့်အလမ်း ရရှိလာမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံက ဟွန်ဆမ်အစိုးရကို တိုက်ခိုက်နေတဲ့ ခမာနီအစိုးရကို စစ်ရေးအကူအညီပေးတာ ရပ်တန့်မယ်လို့ တရုတ်ဝန်ကြီးချုပ် လီပန်က အင်ဒိုနီးရှားသမ္မတ ဆူဟာတိုအား အာမခံချက်ပေးပြီးမှ သာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ အောင်မြင်ခဲ့ပါတယ်။

အင်ဒိုနီးရှားနဲ့ပြင်သစ်တို့ ပူးတွဲကျင်းပတဲ့ ပါရီငြိမ်းချမ်းရေးညီလာခံကြောင့် ၁၉၉၁ ခုနှစ်မှာ တာ ရှည်နေပြီဖြစ်တဲ့ ကမ္ဘောဒီးယားပြည်တွင်းစစ်ကို အဆုံးသတ်စေခဲ့ပါတယ်။

ပြည်တွင်းစစ်ကြောင့် ပြည်သူပိုင်အဆောက်အအုံတွေ ပျက်စီးကာ လူသားချင်းစာနာမှု အကျပ်အ တည်းတစ်ရပ် ဖြစ်စေခဲ့လို့ သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေက ဒုက္ခသုတ်ခတွေ တွေ့ကြုံခဲ့ရပါတယ်။

မြန်မာပြည်သူတွေရဲ့ ဒုက္ခသုတ်ခတွေ အဆုံးသတ်ဖို့ အာဆီယံအဖွဲ့အတွက် တရုတ်နိုင်ငံနဲ့ လက် တွဲဆောင်ရွက်ဖို့ အချိန်ကျပါပြီ။

The Jakarta Post မှာ ယနေ့ ဖော်ပြထားတဲ့ အယ်ဒီတာ့အာဘော် China’s Myanmar diplomacy ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။

#Ayeyarwaddy_Times