ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၉ ရက်

တက္ကစီသမားတစ်ဦးကို သတ်ဖြတ်ကာ အလောင်းကို ဆမွတ်ပရာကန်ပြည်နယ်၊ ဘန်ဖီလ်ခရိုင်ရှိ ငါးကန်တစ်ခုအတွင်း စွန့်ပစ်ခဲ့တယ်လို့ ယူဆရတဲ့ မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်ပါတယ်။

အသက် ၆၃ နှစ်အရွယ် တက္ကစီသမားရဲ့အမည်က မီချိုင်းလို့ သိရပြီး သူ့ရဲ့အလောင်းကို အင်္ဂါနေ့ မနက်ပိုင်းက ချက်ကရီနာရူဘိုဒင်ဒရာဆေးသိပ္ပံ (CNMI) အနီး ငါးကန်တစ်ခုအတွင်း တွေ့ရှိခဲ့တာပါ။

ဒေသန္တရရဲတပ်ဖွဲ့ဟာ အင်္ဂါနေ့ညပိုင်းက နွန်သာဘူရီပြည်နယ်၊ ဘန်ဘွာသောင်ခရိုင်ရှိ နေအိမ် တစ်လုံးမှာ အသက် ၄၂ နှစ်အရွယ် ဆန်းလို့ခေါ်တဲ့ မြန်မာအမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။

သေဆုံးသူရဲ့ တက္ကစီကားနဲ့ဖုန်းကို အဲဒီနေရာမှာ တွေ့ရှိခဲ့ပေမယ့် မြန်မာအမျိုးသားက တက္ကစီ ကားကို မောင်းယူခဲ့တယ်လို့ဆိုပေမယ့် မီချိုင်းကိုသတ်ဖြတ်တာမရှိဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဟာ မြန်မာအမျိုးသားရဲ့အိမ်မှာ သွေးစွန်းနေတဲ့ အဖြူရောင်ရှပ်အင်္ကျီတစ်ထည်နဲ့ မီချိုင်း လက်မှာ တွေ့ခဲ့ရတဲ့ကြိုးတဲ့တူညီတဲ့ ကြိုးတစ်ချောင်းကို သိမ်းဆည်းမိခဲ့ပါတယ်။

ဘတ် ၂၀၀၀၀ မပေးရင် မီချိုင်းကို သတ်ဖြတ်မယ်လို့ လူတစ်ဦးက ဖုန်းဆက်ပြီး ခြိမ်းခြောက်ခဲ့ တယ်လို့ သေဆုံးသူရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

မီချိုင်းကို သတ်ဖြတ်သူဟာ မြန်မာနိုင်ငံသား မူးယစ်ဆေးရောင်းချသူတစ်ဦးဖြစ်တယ်လို့ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားက ထွက်ဆိုခဲ့ပါတယ်။

မူးယစ်ဆေးရောင်းချသူဟာ အကြွေးကိစ္စနဲ့ပတ်သက်ပြီး မီချိုင်းနဲ့ စကားများခဲ့ပြီး ဓားနဲ့ထိုး သတ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ ၎င်းက ပြောပါတယ်။

လူသတ်မှုနဲ့ပတ်သက်တဲ့ အထောက်အထားတွေ ခိုင်မာစွာ တွေ့ရှိခဲ့ရလို့ မြန်မာနိုင်ငံသား လူ သတ်မှုသံသယရှိသူရဲ့ ပြောကြားချက်က ဆက်စပ်မှုမရှိဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ကိုးကား – Bangkok Post
Ref; Cops nab murder suspect

#Ayeyarwaddy_Times