ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၄ ရက်
စစ်ကော်မရှင်၏ လူ့အခွင့်အရေးချိုးဖောက်မှုများအပါအဝင် စစ်အုပ်စုနှင့်ပတ်သက်သော စီးပွားရေး လုပ်ငန်းများအကြောင်း ရှာဖွေစုံစမ်းဖော်ထုတ်ပေးနေသော Justice For Myanmar (JFM) အဖွဲ့က ယခုနှစ်အတွက် ချီးမြှင့်သော The Right Livelihood ဆုကို ရရှိခဲ့ကြောင်း သိရသည်။
လုံခြုံရေးအခြေအနေအရ JFM အဖွဲ့ဝင်များသည် ဆုပေးပွဲသို့ တက်ရောက်ပြီး ဆုလက်ခံနိုင်ခြင်း မရှိသဖြင့် ဆွီဒင်နိုင်ငံသူ ကမ္ဘာကျော် တက်ကြွလှုပ်ရှားသူလူငယ် Greta Thunberg က ကိုယ်စားလက်ခံယူခဲ့သည်။

လက်ရှိလုံခြံရေးအခြေအနေအရ JFM အဖွဲ့သားများက ဆုပေးပွဲတက်ရောက်ပြီး ဆုလက်ခံနိုင်ခြင်း မရှိသဖြင့် ဆွီဒင်နိုင်ငံသူ ကမ္ဘာကျော်တတ်ကြွလှုပ်ရှားသူလူငယ် Greta Thunberg က ကိုယ်စားလက်ခံခဲ့ကြောင်းသိရသည်။
“ စစ်တပ်ရဲ့ အကြမ်းဖက်အာဏာသိမ်းကြိုးပမ်းမှု စတင်ချိန်မှစပြီး ၅ နှစ်နီးပါးတိုင်အောင်မြဲမြံကြံခိုင်တဲ့ ခွန်အားဂုဏ်သိက္ခာပေးဆပ်အနစ်နာခံမှုများစွာနဲ့ စစ်အုပ်စုကိုဆန့်ကျင်ရပ်တည်ခဲ့ကြတဲ့ သတ္တိပြောင် မြောက်လှတဲ့ မြန်မာပြည်သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီဆုကို ကျွန်မတို့လက်ခံရယူပါတယ်။ ဒီဆုကို မြန်မာပြည်သူတို့ပိုင်ဆိုင်ပါတယ် “ ဟု Greta Thunberg က ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
အဆိုပါ The Right Livelihood ဆုသည် အာဏာရှင်ကင်းစင်သော အနာဂတ်တစ်ခုတည်ဆောက် နိုင်ရေး မြဲမြံသောစိတ်ပိုင်ဖြတ်မှုဖြင့် ဖီဆန်ချီတက်နေသူများ၊ ဆယ်စုနှစ်ချီကြာ ဖိနှိပ်မှုများကြားကပင် တရားမျှတမှုကို ကြိုးစားရှာဖွေနေသူများ၊ အမှန်တရားကို ဖော်ထုတ်ရန် အရာရာစွန့်လွှတ် ပေးအပ်ကြသူများအတွက် ရည်ရွယ်သည်။

ထို့အပြင် ငြိမ်းချမ်းရေးနှင့် တရားမျှတရေးအတွက် အာမခံမှုရှိသည့် ဖက်ဒရယ်ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြသူ ပြည်သူတို့အတွက် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
The Right Livelihood Award ဆုသည် နိုဘယ်ဆုပြီးလျှင် ဂုဏ်သိက္ခာကြီးမားသည့်ဆု ဖြစ်သည်။ ၎င်းဆုကို တရားမျှတငြိမ်းချမ်းရေးနှင့် ရေရှည်တည်တံ့သော ကမ္ဘာတစ်ခုတည်ဆောက်ရန် ဖော်ဆောင် သူများကို ပေးအပ်ချီးမြှင့်ခြင်းဖြစ်သည်။
Justice For Myanmar ကိုယ်စား ဆုလက်ခံရယူသူ ဆွီဒင်တက်ကြွလှုပ်ရှားသူ Greta Thunberg သည် ၂၀၁၈ ခုနှစ်တွင် ရာသီဥတုဆိုင်ရာ မူဝါဒများနှင့်ပတ်သက်ပြီး တစ်ကိုယ်တော် ဆန္ဒပြခဲ့ခြင်းဖြင့် ကမ္ဘာကျော်ခဲ့သူ ဖြစ်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်