ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၉ ရက်

ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၁ ခုကို ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် စစ်ကောင်စီက ပြီးခဲ့သည့် ဩဂုတ် ၂၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းစည်ပင်နယ်နိမိတ်အတွင်းရှိ ဆိပ်ကြီးခနောင်တို မြို့နယ်နှင့် ဒလမြို့နယ်မှအပ ကျန် ၃၁ မြို့နယ်အတွင်း စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားသော မြို့နယ်များတွင် စစ်အုပ်ချုပ်ရေးအမိန့်ကို ရုပ်သိမ်းခြင်း မပြုဘဲ ညမထွက်ရအမိန့်အား တားမြစ်ထုတ်ပြန်လိုက်သည်ဟု ဆိုထားသည်။

စစ်ကောင်စီက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ နံနက် ၁ နာရီ မှ နံနက် ၃ နာရီအထိ ညမထွက်ရဟု အမိန့်ထုတ်လိုက်သည့် မြို့နယ် ၃၁ မြို့နယ်မှာ သင်္ဃန်းကျွန်းမြို့နယ်၊ မင်္ဂလာ တောင်ညွန့်မြို့နယ်၊ တာမွေမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ပုဇွန်တောင် မြို့နယ်၊ ဒေါပုံမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကင်းမြို့နယ်၊ သာကေတမြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ ကမာရွတ်မြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ စမ်းချောင်း မြို့နယ်၊ ဒဂုံမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ လှိုင်မြို့နယ်၊ လမ်းမတော် မြို့နယ်၊ လသာမြို့နယ်၊ အလုံမြို့နယ်၊ အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် နှင့် ရွှေပြည်သာမြို့နယ် တို့ဖြစ်သည်။

ထို့ပြင် ယခု ထုတ်ပြန်လိုက်သည့် အမိန့်သည် နောက်ထပ်အမိန့်တစ်စုံတစ်ရာ မရမချင်းအတည် ဖြစ်စေရမည်ဟု ဆိုထားသည်။

#ရန်ကုန် #စည်ပင်နယ်နိမိတ် #၃၁ မြို့နယ် #စစ်ကောင်စီ #ပုဒ်မ ၁၄၄ #ညမထွက်ရ #အမိန့် #ထုတ်ပြန်
#Ayeyarwaddy_Times