ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၈ ရက်

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁)ကို ရန်ကုန်တောင်ပိုင်းခရိုင်းအတွင်းရှိ မြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ လေးဖွဲ့ဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ခရမ်းမြို့နယ် ပကဖ၊ သုံးခွမြို့နယ်ပကဖ၊ ကျောက်တန်းမြို့နယ် ပကဖနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တော်လှန်ရေးရဲဘော်အချို့ ပူးပေါင်းပါဝင်စုစည်း၍ ရန်ကုန်တိုင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (၁)ကို ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တောင်ပိုင်းခရိုင် မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်ရေးအင်အားစုများကို စုစည်း၍ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့က ဖွဲ့စည်းခဲ့ ခြင်းဖြစ်သည်။

ပြင်ဆင်ဖွဲ့စည်းလိုက်သည့် တပ်ဖွဲ့ (၁) အနေဖြင့် တော်လှန်ရေးတာဝန်များကို အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စစ်ပုံကျစွာတော်လှန်တိုက်ခိုက် သွားမည်ဟုဆိုထားပြီး တိုက်ခိုက်ရေးအင်အားအရ တပ်ခွဲ ၁၊ တပ်ခွဲ ၂ အဖြစ် စီမံကွပ်ကဲလျက်ရှိကြောင်း သိရသည်။

#ရန်ကုန်တိုင်း #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၁ #ပြင်ဆင်ဖွဲ့စည်း #Ayeyarwaddy_Times