
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၇ ရက်
မနေ့က ၂၅ ကြိမ်မြောက် ဘရူနိုင်း-မလေးရှား ခေါင်းဆောင်များအစည်းအဝေး ကျင်းပပြီးနောက် ဘရူနိုင်းဘုရင် ဟတ်ဆန်နယ်ဘိုလ်ကီးယားနဲ့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်တို့က ပူးတွဲ ထုတ်ပြန်ချက်တစ်ခုအတွင်း မြန်မာအရေးနဲ့ ဂါဇာပဋိပက္ခအကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ခေါင်းဆောင်နှစ်ဉီးဟာ မြန်မာနိုင်ငံတွင်း မကြာသေးမီက အခြေအနေတွေကို ဆွေးနွေးခဲ့ပြီး လက်ရှိ အကြမ်းဖက်မှုတွေနဲ့ တိုင်းပြည်တွင်းက လူသားချင်းစာနာမှု အခြေအနေနဲ့ပတ်သက်လို့ အလွန် အမင်း စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်။
ဘုံသဘောတူညီချက် ၅ ရပ်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရာမှာ အာဆီယံ အဖွဲ့ရဲ့ အဓိက အကိုးအကားအဖြစ် ခေါင်းဆောင်နှစ်ဦးက ထပ်လောင်းအတည်ပြုခဲ့ပြီး အဖွဲ့အစည်းအား လုံးက တူညီဆန္ဒ ၅ ရပ်ကို အပြည့်အဝ ဖော်ဆောင်ကြဖို့ ထပ်မံ တောင်းဆိုလိုက်ပါတယ်။
ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ရာမှာ ကုလသမဂ္ဂအဖွဲ့ အပါအဝင် အာဆီယံ၊ ပြင်ပမိတ် ဖက်တွေနဲ့ အနီးကပ် လက်တွဲဆောင်ရွက်ဖို့ ၎င်းတို့က ထပ်လောင်းအတည်ပြုခဲ့ပါတယ်။
မြန်မာပြည်သူတွေအကျိုးအတွက် ငြိမ်းချမ်းသော၊ တာရှည်ခံသော အဖြေတစ်ခုရှာဖို့ အဆုံးသတ် ရည်ရွယ်ချက်နဲ့အတူ အာဆီယံခေါင်းဆောင်တွေနဲ့ ဘုံသဘောတူညီချက် ၅ ရပ် ပြန်လည်သုံးသပ်မှုနဲ့ ဖော်ဆောင်ရေး ဆုံးဖြတ်ချက်နဲ့အညီ သက်ဆိုင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ခေါင်းဆောင်နှစ်ဉီးက တိုက်တွန်းခဲ့ပါတယ်။
ကိုးကား – Borneo Bulletin
Ref; Brunei-Malaysia ALC joint statement calls for peace in Myanmar, Gaza
#Ayeyarwaddy_Times