ဧရာ၀တီတိုင်းမ်
သြဂုတ် ၂၅ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် Non CDM ၀န်ထမ်းဖြစ်သည့် ကျောင်းဆရာတစ်ဦးကို ပြည်သူ့စစ်မှုထမ်းရန်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူး ဦးလှမြင့်နေအိမ်တွင် မဲနှိုက်ခိုင်းခဲ့ကြောင်း ဒေသခံများထံကသိရသည်။
ပြည်သူ့စစ်မှုထမ်းရန် မဲနှိုက်ခဲ့ရသည့် စစ်ကောင်စီလက်အောက်ခံ Non CDM ၀န်ထမ်း ကျောင်းဆရာတစ်ဦးမှာ အသက် ၄၀ ကျော်
ဖြစ်ပြီး (မူလတန်းပြ) ဆရာဖြစ်ကြောင်း ဒေသခံများကပြောသည်။
”အခုက အသက်ကြီးကြီးငယ်ငယ် အကုန်လုံးစစ်မှုထမ်းခိုင်းနေတာ၊ အရင်က အသက် ၁၈နှစ်ကနေ ၃၅အတွင်းပဲ၊ ခုကပိုဆိုးလာပြီ။ လူအရည်အတွက်လည်းများလာပြီ ခေါ်တာတွေက။ နောက်ပြီး ၀န်ထမ်းတွေပါ မဲနှိုက်ခိုင်းနေတာ။ အသက်အကန့်သတ်မပါဘူး အကုန်မဲနှိုက်ရမယ်လို့ အုပ်ကြီးကပြောနေတာ။ အကုန်လုံးလဲစိတ်ညစ်နေကြရပါတယ် “ဟု သာပေါင်းမြို့နယ်ရှိဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
သာပေါင်းမြို့နယ်၊ အနန်းကုန်းကျေးရွာတွင် သြဂုတ်လ ၂၂ ရက်နေ့က အသက်ပြည့်ပြီး လူငယ် ၃၂ ယောက် စစ်မှုထမ်းမဲနှိုက်ခိုင်းခဲ့ပြီး ထိုအထဲတွင် အသက်၄၀ ကျော်ရှိ Non CDM ကျောင်းဆရာပါ ပါ၀င်ကာ မဲနှိုက်ခဲ့ရပြီး ကျောင်းဆရာမှာ စစ်မှုထမ်းရန် မဲပေါက်သွားခဲ့သည်ဟု ဒေသခံများကပြောသည်။
“၂၄ ရက်နေ့ကလည်း တင်းကုတ်ကြီးကျေးရွာ ဘုန်းကြီးကျောင်းကို အုပ်ချုပ်ရေးမှူး အစည်းအဝေးခေါ်လို့တက်ရတယ်။ တစ်အိမ်
တစ်ယောက်ပါယောက်ျားတွေပဲတက်ရပါတယ်။ စစ်မှုထမ်းဖို့လိုအပ်ရင် ဝင်ရပါမယ်ဆိုပြီး လက်မှတ်ထိုးခိုင်းတယ်”ဟု တင်းကုတ်ကြီးကျေးရွာရှိ ဒေသခံတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လက အနန်းကုန်းကျေးရွာအပါအ၀င် ကွင်းပေါက်ကျေးရွာ၊ တင်းကုတ်ကြီးကျေးရွာ၊ ကြာကန်ကျေးရွာစသည့် ကျေးရွာများသည် စစ်မှုထမ်းများအတွက်ဟုဆိုကာ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က တစ်အိမ်လျှင်ကျပ်ငွေ သုံးသောင်းတောင်းယူခဲ့ကြောင်း ဒေသခံများကပြောသည်။
ထို့ပြင် သာပေါင်းမြို့နယ်တွင် စစ်ကောင်းစီလက်အောက်ခံ Non CDM ၀န်ထမ်းများကို စတင်ကာ ပြည်သူ့စစ်မှုထမ်ရန် မဲနှိုက်ခိုင်းလာသည့်အပြင် အသက် ၅၀ ကျော်များကိုပါ စစ်မှုထမ်းမဲနှိုက်ရန် ပြင်ဆင်နေခြင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း ဒေသခံမျာကဆိုသည်။
ဓာတ်ပုံ-ဧရာဝတီတိုင်းမ်
ပုသိမ်-တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင် (အမှတ် ၆) ရွှေမြင်တင်
#သာပေါင်း #စစ်ကောင်စီလက်အောက်ခံ #NonCDM #ကျောင်းဆရာအချို့ #ပြည်သူ့စစ်မှုထမ်းရန် #စတင်မဲနှိုက်ခိုင်း
#Ayeyarwaddy_Times