ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၅ ရက်

ဧရာ၀တီတိုင်း၊ မော်လမြိုင်ကျွန်းမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဥဦးသည် ဩဂုတ်လ၁၅ရက်နေ့က မိမိကိုယ်ကို သေနတ်နှင့်ပစ်ပြီးအဆုံးစီရင်သွားကြောင်း သိရှိရသည်။

ရဲစခန်း လိုင်းခန်းတွင် နေထိုင်သော ရဲတပ်သားဇော်ကြီးဆိုသူသည် လစာမလုံလောက်မှုနှင့်ငွေကြေးပြသနာများအပြင်တပ်ဖွဲ့တွင်း ဖိအားများကြောင့် မိသားစုနှင့်စကားများရာမှ ယခုလိုအဆုံးစီရင်သွားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရှိရသည်။

“သူကိုင်တဲ့သေနတ်နဲ့ပဲ မေးစိကိုယ်ထောက်ပြီး ပစ်သွားတာ ရဲလိုင်းခန်းထဲမှာပဲ အောက်ခြေ တပ်သားတွေက လစာနှစ်သိန်းကျော်လေးနဲ့မလုံလောက်ဘူးလေ အရာရှိနဲ့ နယ်ထိန်းတွေလောက်ပဲ အနေအစားချောင်တာ အထက်ဖိအားဒဏ်တွေမခံနိုင်တာလဲပါမယ် “ဟု ရဲ၀န်ထမ်းတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။

ရဲတပ်သားဇော်ကြီးသည် ယခင်ကရခိုင်ပြည်နယ်တွင် တာ၀န်ကျခဲ့ရာမှ မော်လမြိုင်ကျွန်းမြို့မရဲစခန်းကိုပြောင်းရွှေ့လာသည်မှာ နှစ်လခန့်သာ ကြာမြင့်သေးကြောင်းသိရသည်။

ယခုဖြစ်စဥ်နှင့်ပတ်သတ်ပြီး အဆိုပါ ရဲတပ်သားသေဆုံးမှုကို မိမိကိုယ်ကို အဆုံးစီရင်သွားခြင်းအစား မတော်တဆသေနတ်ကျည်ထွက်ကာ သေဆုံးခြင်း သာဖြစ်ကြောင်း အထက်သို့ လိမ်လည်တင်ပြထားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

#မော်လမြိုင်ကျွန်း #မြို့မရဲစခန်း #ရဲတပ်သား #မိမိကိုယ်ကို #သေနတ်ဖြင့်အဆုံးစီရင် #Ayeyarwaddy_Times