
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၅ ရက်
ဩဂုတ်လ ၂၅ ရက်ဟာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာတွေနဲ့ အခြားလူမျိုးစုတွေ အဓမ္မ အစုလိုက်အပြုံလိုက် အိုးအိမ်စွန့်ခွာရတာ ၇ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။
ရိုဟင်ဂျာ ၁ သန်းကျော်ဟာ နေရပ်ပြန်ဖို့ အလားအလာမရှိဘဲ လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ထုတ် ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
ဆိုးရွားလာသော လုံခြုံရေးနဲ့ လူသားချင်းစာနာမှု အခြေအနေကြောင့် လက်နက်ကိုင်ပဋိပက္ခ အ ရှိန်မြှင့်လာတဲ့ ရခိုင်ပြည်နယ်မှာ ခွဲခြားဆက်ဆံမှုနဲ့ ဖိနှိပ်မှုတွေ ဆက်လက်ရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာတွေ အပါအဝင် မြန်မာပြည်သူတွေရဲ့ ရှိယင်းစွဲဒုက္ခတွေကို ပိုဆိုးစေခဲ့တယ်လို့ သူက ဆိုပါတယ်။
အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ နိုင်ငံတကာ လူ့အခွင့်အရေးစံချိန်စံညွှန်း၊ အပြည်ပြည်ဆိုင်ရာ လူ သားချင်းစာနာမှုဥပဒေနဲ့အညီ အရပ်သားတွေကို ကာကွယ်ပေးဖို့ မြန်မာပဋိပက္ခမှာပါဝင်တဲ့ အဖွဲ့အ စည်းအားလုံးကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်ပါတယ်။
ပဋိပက္ခဘေးသင့် အသိုင်းအဝိုင်းတွေနဲ့ အိမ်ရှင်တိုင်းပြည်တွေကို ပံ့ပိုးကူညီမယ့် ဒေသဆိုင်ရာ ကာကွယ်ပေးရေး ကြိုးပမ်းမှုတွေ တိုးမြှင့်ကြဖို့ ၎င်းက မေတ္တာရပ်ခံလိုက်ပါတယ်။
ရိုဟင်ဂျာတွေ ဆန္ဒအလျောက်၊ ဘေးကင်းကင်း၊ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်မယ့် ပတ်ဝန်းကျင် တစ်ရပ် ဖန်တီးရာမှာ အရေးကြီးသော ခြေလှမ်းတွေဖြစ်တဲ့ မြန်မာဉီးဆောင်သော ငြိမ်းချမ်းရေးနဲ့ အမျိုး သား ပြန်လည်သင့်မြတ်ရေး ရှေ့ဆက်ဆောင်ရွက်နိုင်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်က ဒေသတွင်းတိုင်းပြည်တွေ အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ ဆက်ဆံနေတယ်လို့ သူက ဆိုပါတယ်။
ကိုးကား – https://press.un.org
Ref; On Anniversary of Rohingya Displacement from Myanmar, Secretary-General Calls on All Parties to End Violence, Protect Civilians
#Ayeyarwaddy_Times