
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၅ရက်
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ရှိ စစ်ကောင်စီ၏ ရဲစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။
တော်လှန်ရေး ပူးပေါင်းတပ်များသည် အင်းတော်မြို့တွင်းရှိ စစ်ကောင်စီ၏ ရဲစခန်းကို ယမန်နေ့ ဩဂုတ် ၂၄ရက်နေ့ နေ့လယ်ပိုင်းတွင် သိမ်းပိုက်လိုက်ပြီး အချုပ်သား ၁၆ ယောက်ခန့်ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
ရဲစခန်းအတွင်းမှ ထွက်ပြေးသွားကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စခန်းအတွင်းရှိ အချုပ်သားအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များသည် အင်းတော်မြို့ကို ပြီးခဲ့သည့် ဩဂုတ် ၁၆ရက်နေ့မှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းမှနေ၍ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
တော်လှန်ရေးတပ်ဖွဲ့သည် ပြီးခဲ့သည့် ဩဂုတ် ၂၂ရက်နေ့ကအင်းတော်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အချက်အချာအချာကျသည့် နဘားလမ်းဆုံ ဂိတ်စခန်းကို သိမ်းပိုက်ရရှိခဲ့သည်။
လက်ရှိတွင်နှစ်ဖက် တိုက်ပွဲများကြောင့် အင်းတော်နှင့် နဘားရှိ ဒေသခံ နှစ်သောင်းကျော်မှာ စစ်ရှောင်နေကြပြီး မြို့တွင်း ပိတ်မိနေသူအချို့လည်း ရှိနေကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များသည် စစ်ကိုင်းတိုင်းအတွင်း ထီးချိုင့်၊ အင်းတော် နှင်ြ ပင်လည်ဘူးတို့တွင် မြို့သိမ်းတိုဒေသတော်လှန်ရေးတပ်ဖွဲ့များနှင်နွှဲလျက်ရှိသည်။
အဆိုပါတိုက်ပွဲများတွင် အမှတ် ၁ စစ်ဒေသကွပ်ကဲမှုဖြင့် ဒေသတော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ ကချင်လွတ် လပ်ရေးတပ်မတော် (KIA )နှင့် အာရက္ခတပ်တော် (AA)တပ်ဖွဲ့များကပါ ပူးပေါင်းတိုက်ပွဲဝင်လျက်ရှိပြီး ဒေသတော်လှန် ရေးတပ်ဖွဲ့ဝင် ထောင်နှင့်ချီ ပါဝင်ကြောင်း သိရသည်။
#အင်းတော် #စစ်ကောင်စီရဲစခန်း #တော်လှန်ရေးတပ်ဖွဲ့ #သိမ်းပိုက် #အချုပ်သားကယ်ထုတ် #Ayeyarwaddy_Times