
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၂ ရက်
စင်ကာပူကုမ္ပဏီအချို့ဟာ မြန်မာစစ်တပ်ကို လက်နက်ထောက်ပံ့ပေးနေပြီး အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်ကကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုတွေမှာ ပါဝင်နေတယ်လို့ Justice For Myanmar (JFM) က ပြောပါတယ်။
မြန်မာစစ်တပ်ကို ဒေါ်လာသန်းပေါင်းများစွာတန်ကြေးရှိ စစ်လက်နက်နဲ့ကိရိယာတွေ ထောက်ပံ့နေတဲ့ ကုမ္ပဏီ ၁၁၆ ခုရှိတယ်လို့ JFM က သြဂုတ်လ ၁၁ ရက်မှာ အစီရင်ခံစာတစ်ခုအတွင်း ပြောပါတယ်။
အဲဒီထဲက ကုမ္ပဏီ ၃၁ ခုက အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်နဲ့ စီးပွားရေးပတ်သက်မှုရှိခဲ့ပြီး နောက်ထပ်ကုမ္ပဏီ ၂၇ ခုကတော့ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းအကြမ်းဖက်မှု ကျူးလွန်တဲ့ ၂၀၁၇ ခုနှစ်ကတည်းက ပတ်သက်ခဲ့တာလို့ JFM က ဆိုပါတယ်။
အစီရင်ခံစာဟာ ကာကွယ်ရေးဝန်ကြီးဌာန စစ်လက်နက်ဝယ်ယူရေးဌာနရဲ့ ပေါက်ကြားလာတဲ့မှတ်တမ်း တွေ၊ သတင်းရင်းမြစ်တွေနဲ့ အွန်လိုင်းကရရှိတဲ့ အချက်အလက်တွေအပေါ် အခြေခံတယ်လို့ JFM က ပြောပါ တယ်။
မြန်မာစစ်တပ်ကို လက်နက်ထောက်ပံ့နေတဲ့ စင်ကာပူကုမ္ပဏီတွေရဲ့ပါဝင်မှုက သန်းနဲ့ချီသော မြန်မာ ပြည်သူတွေရဲ့ အသက်အိုးအိမ်အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
အာဆီယံအဖွဲ့ဝင်ဖြစ်တာနဲ့အညီ မြန်မာ့အရေးဖြေရှင်းရာမှာ စင်ကာပူက အရေးပါတဲ့ အခန်းကဏ္ဍတစ် ရပ်မှ ပါဝင်နေတာကြောင့် မြန်မာ အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ပါဝင်မှုကို အဆုံး သတ်ရမှာဖြစ်ပါတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
မြန်မာစစ်တပ်ကို လက်နက်ထောက်ပံ့ပေးနေတဲ့ စင်ကာပူအခြေစိုက်ကုမ္ပဏီ ၃၈ ခုအထိ ရှိတယ်လို့ JFM က အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စင်ကာပူဟာ မြန်မာစစ်တပ်အကြီးအကဲတွေ၊ ခရိုနီတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ကုန်သွယ် ရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ အချက်အချာနေရာတစ်ခုဖြစ်ပါတယ်။
ကိုးကား – The Diplomat
Ref; Report Claims 38 Singapore-Based Firms Supplying Myanmar’s Military