ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၃ ရက်

တရုတ်နိုင်ငံရဲ့ ဖိတ်ကြားချက်အရ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် ဂျူလီဘီးရှော့ပ်ဟာ ဩဂုတ်လ ၂၀ ရက်မှ ၂၁ ရက်အထိ တရုတ်နိုင်ငံသို့ လာရောက်ခဲ့ တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရအမျိုးသမီး မော်နင်က ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တရုတ်နိုင်ငံသို့ လာ ရောက်ကာ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တွေ့ဆုံ၊ ဆွေးနွေးခဲ့တဲ့ကိစ္စရပ်တွေကို မီဒီယာတွေကို အသေး စိတ်ပြောဖို့ ဩဂုတ်လ ၂၂ ရက် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးရဲ့ မေးမြန်းချက်ကို မော် နင်က အခုလို ဖြေကြားခဲ့တာပါ။

နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းတို့က ဂျူလီဘီး ရှော့ပ်နဲ့ တွေ့ဆုံကာ မြန်မာ့အရေး အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ ၎င်းက ပြောပါတယ်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာ၊ လွတ်လပ်ရေး၊ အမျိုးသားညီညွတ်မှုနဲ့ ပိုင် နက်နယ်မြေတည်ကြည်မှုကို လေးစားသမှုရှိပြီး မြန်မာ့ပြည်တွင်းရေးနဲ့ မြန်မာကိုယ်တိုင်ဉီးဆောင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မစွက်ဖက်ဖို့ သံန္နိဌာန်ချထားတယ်လို့ သူက ဆိုပါတယ်။

တရုတ်နိုင်ငံက အာဆီယံအဖွဲ့ကို ထောက်ခံပြီး ဘုံသဘောတူညီချက် ၅ ရပ်နဲ့ လမ်းညွှန်မြေပုံ ၅ ချက်ကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ဖို့ မျှော်လင့်ပါကြောင်း သူက ဆက်ပြောပါတယ်။

မြန်မာ့အရေး နိုင်ငံရေးအဖြေရှာမှာ ကုလသမဂ္ဂက အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါ ဝင်တာကို တရုတ်နိုင်ငံက ထောက်ခံပြီး အထူးကိုယ်စားလှယ်က တာဝန်ထမ်းဆောင်ရာမှာ ပံ့ပိုးကူညီဖို့ အသင့်ရှိတယ်လို့ မော်နင်က ကတိပြုပါတယ်။

အထူးကိုယ်စားလှယ်က အဖွဲ့အစည်းအားလုံးကြား ဆက်ဆံရေးကို ဟန်ချက်ညီညီ ကိုင်တွယ် ကာ မြန်မာပြည်သူတွေရဲ့အကျိုး ဉီးထိပ်ပန်ဆင်ပြီး ကွဲပြားမှုတွေကို ဖြေရှင်းမယ့် ထိရောက်သော နည်း လမ်းတစ်ရပ် ရှာဖွေရာမှာ မြန်မာကို ကူညီဖို့ တရုတ်နိုင်ငံက မျှော်လင့်တယ်လို့ သူက ဆိုပါတယ်။

ကိုးကား – http://us.china-embassy.gov.cn
Ref; Foreign Ministry Spokesperson Mao Ning’s Regular Press Conference on August 22, 2024

#Ayeyarwaddy_Times