ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၀ ရက်

တောင်ကိုရီးယားပြည်သူအချို့ကို ငွေကြေးအမြောက်အများရရှိမယ်ဆိုတဲ့ ကတိကဝတ်နဲ့ ဖျား ယောင်းကာ ရာဇဝတ်မှုတွေ ကျူးလွန်စေသော လာအိုနဲ့မြန်မာမှာ လုပ်ကိုင်နေတဲ့ အွန်လိုင်းငွေလိမ် ဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်ကို တောင်ကိုရီးယား တရားရုံးတစ်ရုံးက ထောင်ဒဏ် ၈ နှစ် ချမှတ်လိုက်ပါ တယ်။

ကျားဖြန့်လုပ်ငန်းတစ်ခုဟာ ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ လာအိုနဲ့မြန်မာနိုင်ငံရှိ အထူးစီးပွားရေး ဇုန်တွေမှာ ထူထောင်ထားတဲ့ ရုံးခန်းတွေမှာ တောင်ကိုရီးယားနိုင်ငံသား ၆၀ နီးပါးကို အကျဉ်းချခိုင်းစေခံ ရပြီးနောက် ၎င်းတို့ဟာ ပြီးခဲ့တဲ့နှစ် မေလနဲ့အောက်တိုဘာလကြား ဒေါ်လာ ၁၇ သန်းကျော် ဆုံးရှုံးခဲ့ တယ်လို့ ဒေဂူးခရိုင်တရားရုံးက ပြောပါတယ်။

ဒေဂူးခရိုင်တရားရုံးက အကြီးတန်းအရာရှိတစ်ဉီးနဲ့ ကျားဖြန့်လုပ်ဖို့ လူစုဆောင်းသူတစ်ဉီးကို ထောင်ဒဏ် ၄ နှစ်စီနဲ့ အတိုင်ပင်ခံတစ်ဦး အပါအဝင် အဖွဲ့ဝင် ၁၀ ဦးကို ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့ပါ တယ်။

အွန်လိုင်းလောင်းကစားနဲ့ ငွေလိမ်လုပ်ငန်းတွေဟာ မကြာသေးမီနှစ်တွေအတွင်း အရှေ့တောင် အာရှဒေသကို ထိုးဖောက်လာခဲ့ပါတယ်။ ကျားဖြန့်လုပ်ငန်းတွေဟာ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလနောက် ပိုင်း ရင်းနှီးမြှုပ်နှံသူတွေထံမှ ဒေါ်လာ ၇၅ ဘီလီယံကျော် လိမ်ယူခဲ့တယ်လို့ တက္ကဆတ်တက္ကသိုလ်က မေလအစီရင်ခံစာတစ်ခုအတွင်း ပြောပါတယ်။

တောင်ကိုရီးယား အွန်လိုင်းငွေလိမ်ဂိုဏ်းဟာ ငွေကြေးအခက်အခဲရှိနေသူတွေကို ပစ်မှတ်ထား ပြီး လာအိုနဲ့မြန်မာမှာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကောင်းတွေရှိတယ်လို့ လိမ်လည်ခဲ့တယ်လို့ တရားရုံး က ဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံသားတွေကို ပစ်မှတ်ထားသော ရာဇဝတ်မှုတွေ တိုးလာတာကြောင့် လာ အိုနိုင်ငံရှိ ရွှေတြိဂံ အထူးစီးပွားရေးဇုန်ကို မသွားရောက်ကြဖို့ တောင်ကိုရီးယားအစိုးရက ဇန်နဝါရီလအ တွင်း သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းနယ်စပ်အနီး ရွှေကုက္ကိုလ်မြို့က တရားမဝင် ကျားဖြန့်လုပ်ငန်းတစ်ခုမှာ ထိန်းသိမ်းခံထားရ တဲ့ သူ့နိုင်ငံသား ၁၉ ဉီးကို မြန်မာရဲတပ်ဖွဲ့က ကယ်တင်ခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း ကြေညာခဲ့ပါတယ်။

ရွှေတြိဂံ အထူးစီးပွားရေးဇုန်အတွင်း ကျားဖြန့်လုပ်ငန်းတွေ ယခုလ ၂၅ ရက်မတိုင်မီ အပြီးတိုင် ပိတ်သိမ်းဖို့ လာအိုအစိုးရက ရာဇသံထုတ်ထားတယ်လို့ သိရပါတယ်။

ကိုးကား – RFA
Ref; South Korea jails scam group leader for 8 years over Laos, Myanmar operation

#Ayeyarwaddy_Times