
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၉ ရက်
နှစ်စဉ်ပြုလုပ်နေကျ ပူးတွဲစစ်ရေးလေ့ကျင့်မှုကြောင့် တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံတို့ကို မြောက်ကိုရီးယားက ရှုတ်ချခဲ့ပြီး အင်အားချိန်ခွင်လျှာ ညှိမယ်လို့ သတိပေးလိုက်ပါတယ်။
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနအောက်ရှိ အမေရိကန်လေ့လာရေးဌာနရဲ့ ထုတ်ပြန် ချက်တစ်ခုအတွင်း ဝေဖန်မှုကို နိုင်ငံပိုင် KCNA သတင်းဌာနက တနင်္ဂနွေနေ့မှာ ဖော်ပြခဲ့ပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားရဲ့ “Ulchi Freedom Shield” ခေါ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ကျူးကျော်တိုက်ခိုက်ဖို့ စစ်ရေးလေ့ကျင့်မှုအဖြစ် မြောက်ကိုရီးယားက ရှုတ်ချခဲ့ပြီး အမေရိကန်နဲ့ လက် အောက်ခံကျွန်တိုင်းပြည်တွေက စစ်ရေးရန်စမှုတွေ ကျူးလွန်နေတယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂ ကွပ်ကဲမှုဌာနကလည်း စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်မှာဖြစ်ပြီး အဆိုပါ ပူးတွဲစစ်ရေး လေ့ကျင့်မှုဟာ အာရှ-ပစိဖိတ်ဒေသမှာ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်ကာ နေတိုးအဖွဲ့ဝင်တွေပါ ဝင်တဲ့ နိုင်ငံစုံအင်အားပြမှုဖြစ်တယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။
အခြားတိုင်းပြည်တွေရဲ့ လုံခြုံရေးအကျိုးစီးပွားနဲ့ အကုန်အကျခံပြီး မိမိလုံခြုံရေးကို ဆောင်ရွက် တာဟာ အမေရိကန်နိုင်ငံရဲ့ နည်းဗျူဟာတစ်ခုလို့ မြောက်ကိုရီးယားက ဆက်ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့ တောင်ကိုရီး ယားနဲ့ အမေရိကန်နိုင်ငံတို့က နှစ်စဉ်ပြုလုပ်နေကျ ပူးတွဲစစ်ရေးလေ့ကျင့်မှု ယနေ့ စတင်လိုက်ပါတယ်။
ကိုးကား – KBS World
Ref; N. Korea Slams S. Korea-US military Drills as ‘Invasion Rehearsal’
9:24 AM
#Ayeyarwaddy_Times