ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၈ ရက်

မြန်မာ့ပြည်တွင်းရေးမှာ ဘယ်အဖွဲ့အစည်းမှ မစွက်ဖက်သင့်ဘူးလို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက သတိပေးခဲ့ပြီး မြန်မာ့အရေးမှာ စည်းသုံးစည်းရှိတယ်လို့ ပြောကြားလိုက်ပါတယ်။

သောကြာနေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တော်မှာ တရုတ်၊ လာအို၊ ထိုင်းနဲ့ မြန်မာ နိုင်ငံခြားရေးဝန် ကြီးတွေကြား အလွတ်သဘော ဆွေးနွေးပွဲမှာ သူက အခုလို မှတ်ချက်ပြုခဲ့တာပါ။

“မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေက စိုးရိမ်စရာဖြစ်ပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်လို့ ပြည် တွင်းစစ်ဖြစ်ပွားမရတာ၊ အာဆီယံအဖွဲ့မှ ချန်လှပ်မရတာနဲ့ ပြည်ပအင်အားစုတွေ စွက်ဖက်လို့မရတာဆို တဲ့ စည်းသုံးစည်းရှိပါတယ်” လို့ ၎င်းက ပြောပါတယ်။

တရုတ်၊ လာအို၊ ထိုင်းနဲ့ မြန်မာတို့က နယ်နိမိတ်ချင်း ထိစပ်နေတာကြောင့် အခြားတိုင်းပြည်တွေ ထက် မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ပိုနားလည်တယ်လို့ သူက ဆက်ပြောပါတယ်။

“အိမ်နီးချင်းတွေထက် ဘယ်သူကမှ မြန်မာနိုင်ငံမှာ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု ပြန်လည်ရရှိ တာကို မလိုလားပါဘူး” လို့ ဝမ်ယိက ဆိုပါတယ်။

မြန်မာပြည်တွင်း ငြိမ်းချမ်းရေးရရှိဖို့နဲ့ မြန်မာပြည်သူတွေ လက်ရှိ အခြေအနေကို ကျော်ဖြတ်နိုင် ရေး ပံ့ပိုးကူညီဖို့ ၎င်းက တောင်းဆိုလိုက်ပါတယ်။

စောလျင်စွာ နိုင်ငံရေး ပြန်လည်ရင်ကြားစေ့ရေး စစ်ကောင်စီရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံပြီး မြန်မာနိုင်ငံနဲ့ နှစ်ဉီးနှစ်ဖက်ဆက်ဆံရေး တိုးမြှင့်ဖို့ ပေကျင်းက ဆန္ဒရှိတယ်လို့ သူက ပြောပါတယ်။

ကိုးကား – Anadolu
Ref; No party should interfere in Myanmar’s internal affairs, warns China

#Ayeyarwaddy_Times