ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၈ ရက်

လစာမရတာ ၂ လရှိပြီဖြစ်တဲ့ ရာနဲ့ချီတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ပရာချင်းဘူရီပြည် နယ်၊ သီရိမဟာဖော့ခရိုင်က စက်မှုဇုန်တစ်ခုရှိ တည်ဆောက်ဆဲစက်ရုံတစ်ခုရဲ့ အဝင်လမ်းကို ပိတ်ဆို့ကာ ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

Rojana စက်မှုဇုန်မှာ တရုတ်ကုမ္ပဏီတစ်ခုအတွက် သုံးထပ်စက်ရုံတစ်ရုံ တည်ဆောက်ဖို့ ကုမ္ပဏီ ၁၁ ခုကို ငှားရမ်းခဲ့တာမှာ ကုမ္ပဏီတစ်ခုက မြန်မာလုပ်သားတွေကို လစာမပေးတာလို့ သတင်းရင်းမြစ် တစ်ခုက ပြောပါတယ်။

မြန်မာအလုပ်သမားတွေက လစာမရတာ ၂ လရှိပြီဖြစ်လို့ လစာမကြာမီပေးမယ်လို့ ကတိပြု ထားတဲ့ အလုပ်ရှင်တွေအပေါ် ယုံကြည်မှုမရှိတော့တာလို့ အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။

သောကြာနေ့က မြန်မာအလုပ်သမားတွေဟာ စက်ရုံအပြင်ဘက်မှာ စုဝေးခဲ့ကြပြီး လစာကို ချက် ချင်း ပေးချေဖို့ တောင်းဆိုခဲ့တာကြောင့် တရုတ်နိုင်ငံသားပိုင်ရှင်တွေနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ရပါ တယ်။

အခြေအနေကို စောင့်ကြည့်ဖို့နဲ့ လုံခြုံရေး ဆောင်ရွက်ပေးဖို့ ဒေသန္တရရဲတပ်ဖွဲ့ကို ခေါ်ယူခဲ့တယ် လို့ ယင်းသတင်းရင်းမြစ်က ပြောပါတယ်။

ဆန္ဒပြမြန်မာလုပ်သားတွေက ထိုင်းအလုပ်ရှင်တွေနဲ့ စေ့စပ်ညှိနှိုင်းဖို့ ငြင်းဆန်ခဲ့ပြီး တရုတ် ကုမ္ပဏီက အလုပ်သမားတစ်ဉီးစီကို ဘတ် ၅၀၀ စီပေးကာ ကျန်ငွေကို ဆက်လက်စောင့်ဆိုင်းဖို့ တောင်း ဆိုတာကို ဆန္ဒပြသူတွေက လက်မခံခဲ့ဘူးလို့ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

ဆန္ဒပြမြန်မာလုပ်သားတွေကို ပေးချေရမယ့်ပမာဏက ဘတ် ၁၀ သန်းကျော်ပြီး ၎င်းတို့ လစာ ရ မရနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေရှိနေတယ်လို့ အမည်မဖော်လိုတဲ့ မြန်မာလုပ်သားတစ်ဦးက ပြောပါတယ်။

ဆန္ဒပြသူတွေက ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာ ဆန္ဒပြခဲ့တာကြောင့် လုပ်ငန်းခွင် ရပ်ဆိုင်းခဲ့ ရပေမယ့် ဆန္ဒပြပွဲမှာမပါဝင်တဲ့ မြန်မာလုပ်သားအနည်းငယ်ကြောင့် စနေနေ့က စက်ရုံတည်ဆောက်မှု လုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ကိုးကား – Bangkok Post
Ref; Factory construction halts amid wage row
#Ayeyarwaddy_Times