
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၆ ရက်
ရှမ်းမြောက်၊ နောင်ချိုနှင့် သီပေါမြို့နယ်တွင် ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) အဖြစ် ၅၂ ရက်မြောက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီက လေကြောင်းဖြင့် (၁၇) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တပ်မဟာ(၂)နယ်မြေ နောင်ချိုမြို့နယ် တောင်ခမ်းရွာအနီးတဝိုက်တွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားလျက် ရှိကြောင်း TNLA ကထုတ်ပြန်သည်။
တောင်ခမ်းရွာ၌ တပ်မ(၉၉) လက်အောက်ခံ ခမရ-၃၀၂ တပ်နှင့်သော်လည်းကောင်း၊ အရှေ့မြောက် ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ -၃၂၅ တပ်နှင့်လည်း ကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ-၃၀၆ တပ်ရင်းတို့နှင့်လည်းကောင်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
အလားတူ တပ်မဟာ (၂)နယ်မြေ သီပေါမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်စစ်ဌာနချုပ်လက်အောက်ခံ ခလရ -၂၃ တပ်စခန်းနေရာတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်မှ Y-12 ထောက်ပို့ လေယာဉ်ဖြင့် ၁ရက်တည်းတွင် (၁၆) ကြိမ်တိုင် ဗုံး ၁၁၃ လုံး လာရောက်ကြဲချခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
ထို့ပြင် ယနေ့ ဩဂုတ် ၁၆ ရက်နေ့ နောင်ချိုမြို့နယ်တိုက်ပွဲအတွင်းတွင် စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၁)ကြိမ် ဗုံးနှစ်လုံး လာရောက်ကြဲချခဲ့သည်။
ဓာတ်ပုံ-TNLA
#သီပေါတိုက်ပွဲ #စစ်ကောင်စီက #တစ်နေ့တည်း #ဗုံးအလုံးရေ၁၀၀ကျော် #ကြဲချတိုက်ခိုက် #Ayeyarwaddy_Times