ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၅ ရက်

လာအိုနိုင်ငံအနောက်မြောက်ပိုင်းရှိ အထူးစီးပွားရေးဇုန်တစ်ခုမှ ကျားဖြန့်လုပ်ကိုင်သူတွေ ထွက် ခွာသွားကြဖို့ လာအိုအစိုးရက အမိန့်ထုတ်လိုက်ပါတယ်။

မြန်မာ၊ ထိုင်းနဲ့ လာအိုနိုင်ငံတို့ နယ်နိမိတ်ချင်းထိစပ်ရာ Bokeo ပြည်နယ်ရှိ ရွှေတြိဂံ အထူးစီးပွား ရေးဇုန် (GTSEZ) ဟာ တရားမဝင် ရာဇဝတ်မှုတွေနဲ့ လူကုန်ကူးခံရတဲ့ အလုပ်သမားတွေကို မှီခိုရတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေရှိရာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

ဩဂုတ်လ ၉ ရက်က Bokeo ပြည်နယ် အုပ်ချုပ်ရေးမှူး၊ လာအို ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ အဆင့်မြင့် တာဝန်ရှိသူတွေနဲ့ GTSEZ ဉက္ကဌ ကျောင်ဝေတို့ကြား အဆိုပါပြဿနာကို ဆွေးနွေးခဲ့တယ် လို့ အကြီးတန်း တာဝန်ရှိသူတွေက ပြောပါတယ်။

ကျားဖြန့်လုပ်ငန်းအားလုံး ဩဂုတ်လ ၂၅ ရက်မတိုင်မီ အပြီးတိုင် ပိတ်သိမ်းဖို့ လာအိုအာဏာပိုင် တွေက ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

ကျားဖြန့်လုပ်ငန်းအများစုက ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံမှာ အခြေစိုက်ပေမယ့် လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံတို့ ဆုံစည်းရာ မဲခေါင်မြစ်ကမ်းတစ်လျောက်ပေါ်ရှိ GTSEZ မှာလည်း ကျားဖြန့်လုပ်ငန်းတွေ ထူထောင်ထားတယ်ဆိုတဲ့ အထောက်အထားတွေ ရှိပါတယ်။

GTSEZ ကို မူးယစ်ဆေးမှောင်ခိုကူးမှု၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု၊ လာဘ်ပေးလာဘ်ယူမှုနဲ့ တောရိုင်းတိရစ္ဆာန်မှောင်ခိုကူးမှုမှာ ပါဝင်မှုကြောင့် အမေရိကန်အစိုးရရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ခံထားရတဲ့ တရုတ်နိုင်ငံဖွား စီးပွားရေးလုပ်ငန်းရှင် ကျောင်ဝေက ထိန်းချုပ်ထားပါတယ်။

GTSEZ ထဲမှာ ကျားဖြန့်လုပ်ကိုင်ဖို့ အကျဉ်းထောင်လိုမျိုး အခန်းများစွာ ပါရှိတယ်လို့ South China Morning Post သတင်းစာက ၂၀၂၂ ခုနှစ်အကုန်မှာ ဖော်ပြခဲ့ပါတယ်။

GTSEZ ထဲမှာ ကျားဖြန့်လုပ်ငန်း ၄၀၀ ကျော် လုပ်ကိုင်နေပြီး မနှစ်ကရှိတဲ့ ကျားဖြန့်လုပ်ငန်း ၃၀၅ ခုထက် ပိုများလာခဲ့တယ်လို့ အမည်မဖော်လိုတဲ့ လာအို အာဏာပိုင်တစ်ဉီးက ပြောပါတယ်။

လာအိုနဲ့ တရုတ်အာဏာပိုင်တွေဟာ ဒီသီတင်းပတ်အတွင်း စီးနင်းရှာဖွေမှု ၉ ကြိမ်ပြုလုပ်ကာ တရုတ်နိုင်ငံသား ၁၂၁၁ ဉီး အပါအဝင် ကျားဖြန့်လုပ်ငန်းမှာပါဝင်တဲ့ လူ ၁၃၈၉ ဉီးကို နှင်ထုတ်ခဲ့ပါတယ်။

ကိုးကား – The Diplomat
Ref; Laos Issues Ultimatum to Golden Triangle Scam Operators

#Ayeyarwaddy_Time