
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၆ ရက်
အသက် ၃၇ နှစ်အရွယ် နိုင်ငံရေးမျက်နှာသစ် ပေတောင်တန်ရှင်နာဝပ်ထရာကို ဝန်ကြီးချုပ်ရာ ထူးအတွက် ကိုယ်စားလှယ်လောင်းအဖြစ် အဆိုပြုရာမှာ ထောက်ခံဖို့ ထိုင်းအာဏာရ ညွန့်ပေါင်းအဖွဲ့က သဘောတူလိုက်ပါတယ်။
ထိုင်းခုံရုံးက ဆေထာသာဗီဆင်းကို ဝန်ကြီးချုပ်အဖြစ်မှ ဖယ်ရှားမှုကြောင့် Pheu Thai ပါတီက အစိုးရသစ်ဖွဲ့စည်းဖို့ ၁၁ ပါတီ ညွန့်ပေါင်းအဖွဲ့ရဲ့ ထောက်ခံမှုရရှိရေး ကြိုးပမ်းနေစဉ် အခုလို သဘောတူခဲ့ တာပါ။
ပေတောင်တန်ဟာ စစ်တပ်အာဏာသိမ်းမှုတွေကြောင့် ပြည်ပသို့ ထွက်ပြေးခဲ့ရတဲ့ ဝန်ကြီးချုပ် ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ သမီးအငယ်ဆုံးဖြစ်သလို ဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်ထရာရဲ့ တူမလည်း ဖြစ်ပါတယ်။
ထိုင်းခုံရုံးက ဆေထာသာဗီဆင်းကို ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားလိုက်တာဟာ Pheu Thai ပါတီ အတွက် နောက်ဆုံး ထိုးနှက်ချက်တစ်ခု ဖြစ်ပါတယ်။
ယနေ့ လွှတ်တော်တွင်း မဲခွဲရွေးချယ်မှုမှာ အာဏာရညွန့်ပေါင်းအဖွဲ့ရဲ့ အဆိုပြုချက် အောင်မြင်ပါ က ပေတောင်တန်ဟာ ထိုင်းနိုင်ငံမှာ ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ်နဲ့ ဝန်ကြီးချုပ်ရာထူးရယူတဲ့ တတိယမြောက် ရှင်နာဝပ်ထရာမိသားစုဝင် ဖြစ်လာမှာပါ။
“သူ့ရဲ့ခေါင်းဆောင်မှုအောက်မှာ ကျွန်တော်တို့ သူ့ကို ထောက်ခံပြီး အာဏာစယူတဲ့နေ့ကနေစ ပြီး သူ့ရဲ့မူဝါဒတွေကို လုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေမယ်လို့ ယုံကြည်ပါတယ်” လို့ Bhumjaithai ပါတီ ရဲ့ခေါင်းဆောင် အနူတင်ချဗီရာကူလ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
၁၁ ပါတီ ညွန့်ပေါင်းအဖွဲ့က ထိုင်းအောက်လွှတ်တော်မှာ အမတ်နေရာ ၃၁၄ နေရာ ရရှိထားပြီး ဝန်ကြီးချုပ်တစ်ဉီး ရွေးကောက်ဖို့ အခက်အခဲမရှိလောက်ဘူးလို့ သိရပါတယ်။
ဝန်ကြီးချုပ်ဖြစ်ဖို့ ကိုယ်စားလှယ်လောင်းတစ်ဉီးဟာ လွှတ်တော်အမတ် ၄၉၃ ဉီးအနက် ထက် ဝက်ကျော်ရဲ့ အတည်ပြုမှုရရှိဖို့ လိုအပ်ပါတယ်။
ကိုးကား – Reuters
Ref; Thailand’s governing alliance to nominate Paetongtarn Shinawatra for PM
#Ayeyarwaddy_Times