ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၃ ရက်

ဧရာ၀တီတိုင်း ပုသိမ်မြို့တွင် သြဂုတ်လ ၁၂ရက်နေ့က နေအိမ်နှင့်ဈေးဆိုင်များကိုအမျိုးသားတစ်ဦးမှ ဓားကိုင်ကာ ငွေလိုက်လံတောင်းသည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွါးခဲ့ကြောင်းသိရသည်။

“သူ့ကြည့်ရတာပုံမှန်တော့မဟုတ်ဘူး။ စုံစမ်းကြည့်တော့အဲ့နေ့တစ်နေ့လုံးအမှတ်(၃)ရပ်ကွက်က အိမ်တွေဆိုင် တွေကနေ ၁၀၀ကျပ်ကနေ ၅၀၀၀ထိ ဓါးပြပြီးလိုက်တောင်းနေတာလို့သိရတယ်။ ပုသိမ်မြို့မှာလဲ ဓားကိုင်ပြီးအဲ့လိုလုပ်နေလဲ ဖမ်းမဲ့သူမရှိဘူး ပြည်သူတွေ ကြောက်အောင်သက်သက် လွှတ်ပေးထားလားထင်ရတယ်”ဟု ပုသိမ်မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

အဆိုပါအမျိုးသားသည် အသက် ၅၀ခန့်ရှိပြီး ဒေသခံတစ်ချိုမှ ရဲတပ်ဖွဲ့ကို တိုင်ကြားရာတွင် စိတ်မနှံ့သူဖြစ်သည့်အတွက် စခန်းမှ ပြန်လွှတ်ပေးထားသူဖြစ်ကြောင်း ပြောဆိုပြီး လာရောက်ဖမ်းဆီးခြင်းမရှိကြောင်း သိရှိရသည်။

တံတားကြီးတန်းတွင်ရှိသော ရုံးတစ်ရုံးအတွင်းမှ၀န်ထမ်းအမျိုးသမီးတစ်ဦးကို လည်း ဓားဖြင့်ထောက်ကာ ငွေ၀င်တောင်းခဲ့ပြီး အဆိုပါ ဓားကိုင်နေသူ၏သားဖြစ်သူမှ တောင်းပန်ကာ ပြန်ခေါ်ဆောင်သွားသည့် ဖြစ်စဥ်ကို လူမှုကွန်ရက် (facebook)တွင်တင်ထားပြီးအခြားငွေတောင်းခံရသူများမှ ၀င်ရောက်မှတ်ချက်ပြုထားကြောင်းတွေ့ရှိရသည်။

#ပုသိမ်မြို့ #စိတ်ကျန်းမာရေးမကောင်းသူ #ဓားကိုင် #ငွေလိုက်တောင်းနေ #Ayeyarwaddy_Times