
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၃ ရက်
ကမ္ဘာတစ်ဝှမ်းက ပဋိပက္ခဖြစ်ပွားနေတဲ့ ယူကရိန်း၊ အရှေ့အလယ်ပိုင်း၊ ပါလက်စတိုင်း၊ အစ္စရေး၊ ဆူဒန်နဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိပါစေကြောင့် ပုပ်ရဟန်းမင်းကြီးက ဆုတောင်းမေတ္တာပို့သလိုက် ပါတယ်။
ဩဂုတ်လ ၁၁ ရက်က ဗာတီကန်မြို့တော်၊ စိန့်ပီတာရင်ပြင်မှာပြုလုပ်တဲ့ တနင်္ဂနွေနေ့ ဝတ်ပြု ဆုတောင်းပွဲမှာ ကမ္ဘာတစ်ဝှမ်းရှိ စစ်မက်ဖြစ်ပွားနေသော တိုင်းပြည်တွေအတွက် ငြိမ်းချမ်းရေးရရှိစေရေး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဆုတောင်းမေတ္တာပို့သပေးခဲ့တာပါ။
ယူကရိန်း၊ အရှေ့အလယ်ပိုင်း၊ ပါလက်စတိုင်း အစ္စရေး၊ ဆူဒန်နဲ့ မြန်မာနိုင်ငံဟာ ဒုက္ခရောက်နေ တဲ့ အခြေအနေဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။
၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာ အရပ်သား ၈၀၀၀ ထက်မနည်း သေ ဆုံးခဲ့တယ်လို့ Manohar Parrikar Institute for Defense Studies and Analyses က ဒီနှစ် မတ်လမှာ အစီရင်ခံစာတစ်ခုအတွင်း ဖော်ပြခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်အထိ အမျိုးသမီး ၄၀၀၀ နဲ့ ကလေးငယ် ၃၀၀ ခန့် အပါအ ဝင် စုစုပေါင်း နိုင်ငံရေးအကျဉ်းသား ၂၆၁၄၇ ဦး ထိန်းသိမ်းခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူ ညီစောင့်ရှောက်ရေးအသင်း (AAPP) ကို ကိုးကားပြီး အဆိုပါအင်စတီကျု့က ဆိုပါတယ်။
၂၀၁၇ ခုနှစ်အကုန်မှာ မြန်မာနိုင်ငံကို လာရောက်ဖူးတဲ့ သက်တော် ၈၇ နှစ်ရှိပြီဖြစ်သော ပုပ်ရ ဟန်းမင်းကြီးဟာ မြန်မာနိုင်ငံကို သံယောဇဉ်ရှိတာကြောင့် ငြိမ်းချမ်းရေးရရှိစေလို့ မကြာခဏဆိုသလို ဆုတောင်းပေးလေ့ရှိပါတယ်။
ကိုးကား – UCA News
Ref; Pope reiterates appeal for peace in war-torn nations
#Ayeyarwaddy_Times