
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၂ ရက်
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ ဇရပ်ကွင်းရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး)MDY-PDF က ထပ်မံသိမ်းပိုက်ရရှိကြောင်း ထုတ်ပြန်ထားသည်။
ယမန်နေ့ ဩဂုတ် ၁၁ ရက်နေ့က ဇရပ်ကွင်းရဲကင်းစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီ၏ တပ်စခန်း စုစုပေါင်း ကိုး ခုအထိ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု MDY-PDF ကဆိုသည်။
MDY-PDF အနေဖြင့် သပိတ်ကျင်းရှိ သတ်မှတ်ထား သည့် စစ်ရေးပစ်မှတ်များကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
အလားတူ သပိတ်ကျင်းမြို့နယ်ရှိ တကောင်းမြို့ကို လည်း ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်လျက်ရှိပြီး တပ်စခန်းအချို့ကိုလည်း သိမ်းပိုက်ရရှိထားကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။
ဓာတ်ပုံ-MDY-PDF
#မန္တလေး #သပိတ်ကျင်း #စစ်ကောင်စီတပ်စခန်း #ဇရပ်ကွင်းရဲကင်းစခန်း #MDYPDF #၉ခုသိမ်းပိုက် #Ayeyarwaddy_Times