ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၂ ရက်

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်ရှိ သင်္ဘောကျင်းတစ်ခုတွင် ပြီးခဲ့သည့် ဩဂုတ် ၉ ရက်နေ့က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး သင်္ဘောကျင်း‌တွင် အလုပ်လုပ်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ် ဦး သေဆုံးခဲ့ပြီး ခြောက် ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် လူ နှစ်ဦး သေဆုံးခဲ့ပြီး ခုနှစ် ဦးထက်မနည်း ဒဏ်ရရှိကာ သုံး ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့ကြောင်း ကယ်ဆယ်ရေးဝန်ထမ်းများထံက သိရသည်။

စုံစမ်းစစ်ဆေးမှုများအရ အလုပ်သမားများမှ ဂဟေဆော်နေစဉ် ထွက်လာသည့် မီးပွားများမှာ မီးလောင် လွယ်သည့် ဓာတ်ပစ္စည်းများပါဝင်သည့် ဆေးသားအသစ်ပေါ်သို့ လွင့်စင်ကျရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲမှုအတွင်း သေဆုံးခဲ့ရသည့် မြန်မာအလုပ်သမား နှစ် ဦးမှာ ကိုကျော်မြတ်သူ နှင့် ကိုဝင်းထွန်း ဆိုသူတို့ဖြစ်ပြီး ကျန်ဒဏ်ရာရရှိသူများကိုလည်း ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

သေဆုံးခဲ့သည့် အလုပ်သမား နှစ်ဦး၏ မိသားစုကို ထိုင်းအလုပ်သမား‌ရေးဝန်ကြီးဌာနမှ လျော်ကြေး ငွေအဖြစ် ဘတ် ၈၃၃,၀၃၆.၀၈ နှင့် ဘတ် ၈၁၄,၄၀၀ အသီးသီး ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုးကား – Bangkok Post
ဓာတ်ပုံ – Bangkok Post
#ထိုင်း #အယုဒ္ဓယ #သင်္ဘောကျင်းပေါက်ကွဲ #မြန်မာအလုပ်သမား #သေဆုံး #Ayeyarwaddy_Times