
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၁၂ ရက်
ဟားမာစ်နဲ့ ဟစ်ဇ်ဘိုလာအဖွဲ့တွေရဲ့ အကြီးတန်းခေါင်းဆောင်တွေ သတ်ဖြတ်ခံရမှုကြောင့် အီ ရန်နဲ့ မဟာမိတ်တွေရဲ့ တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်လို့ အရှေ့အလယ်ပိုင်းဒေသသို့ ပဲ့ထိန်းဒုံးကျည်တပ် ရေငုပ်သင်္ဘောတစ်စင်း စေလွှတ်ဖို့ ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က အမိန့်ပေးခဲ့တယ်လို့ ပင် တဂွန်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော USS Georgia ဟာ ဇူလိုင်လကတည်းက မြေထဲပင် လယ်မှာ ရောက်ရှိခဲ့တာဖြစ်ပြီး အခုလိုမျိုး ရေငုပ်သင်္ဘောစေလွှတ်မှုကို လူသိရှင်ကြား ကြေညာတာဟာ ရှားပါးဖြစ်စဉ်တစ်ခုလို့ အမေရိကန်စစ်တပ်က ပြောပါတယ်။
အရှေ့အလယ်ပိုင်းဒေသသို့ စစ်သင်္ဘောတွေ စေလွှတ်မှု အရှိန်မြှင့်ဖို့ အေဘရာဟမ်လင်ကွန်း တိုက်ခိုက်ရေးသင်္ဘောအုပ်စုကို လွိုက်အော်စတင်က အစ္စရေး ကာကွယ်ရေးဝန်ကြီးနဲ့ တွေ့ဆုံပြီးနောက် အမိန့်ပေးခဲ့တယ်လို့ ပြောပါတယ်။
အစ္စရေးနိုင်ငံကို ကာကွယ်ပေးဖို့ အရှေ့အလယ်ပိုင်းဒေသသို့ ဂျက်တိုက်လေယာဉ်တွေ၊ စစ် သင်္ဘောတွေ ထပ်မံ စေလွှတ်မယ်လို့ အမေရိကန်စစ်တပ်က ပြောကြားခဲ့ပါတယ်။
ဟားမာစ်အဖွဲ့ နိုင်ငံရေးခေါင်းဆောင် အစ္စမေးဟာနီယာနဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ အကြီးတန်းတပ်မှူး ဖာရွတ်ရှူကားတို့ လုပ်ကြံခံရမှုကြောင့် အီရန်နဲ့မဟာမိတ်တွေက အစ္စရေးကို လက်တုံ့ပြန်မယ်လို့ ထုတ် ဖော်ပြောခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။
အစ္စရေးနိုင်ငံကို ပံ့ပိုးကူညီတာကြောင့် ဟာနီယာ လုပ်ကြံသတ်ဖြတ်ခံရမှုမှာ အမေရိကန်နိုင်ငံက တာဝန်ရှိတယ်လို့ အီရန်နိုင်ငံက ပြောကြားခဲ့ပါတယ်။
သောကြာနေ့က ဆီးရီးယားနိုင်ငံမှာ ဒရုန်းတိုက်ခိုက်မှုတစ်ခုကြောင့် အမေရိကန်နဲ့ ညွန့်ပေါင်း တပ်ဖွဲ့ဝင်အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေ မြင့်တက်နေစဉ် အဆိုပါတိုက်ခိုက်မှုက ပြီးခဲ့တဲ့ရက် ပိုင်းအတွင်း အမေရိကန်တပ်ဖွဲ့အပေါ် ဒုတိယမြောက် တိုက်ခိုက်မှုဖြစ်တယ်လို့ သိရပါတယ်။
ကိုးကား – Reuters
Ref; US announces deployment of submarine to Middle East amid Israel-Iran tensions
#Ayeyarwaddy_Times