ဧရာဝတီတိုင်းမ်
ဩဂုတ် ၈ ရက်

ဟင်္သာတခရိုင်ထဲက ​မြိုနယ်တွေမှာ ရခိုင်ပြည်နယ်မှတ်ပုံတင်တွေကို လက်မခံဖို့ ဟိုတယ်၊ တည်ခိုခန်း၊ အနှိိပ်ခန်း၊ ကာရာအိုကေနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီက ညွန်ကြားထားကြောင်း သတင်းရရှိသည်။

“ကျွန်တော်တို့ဟိုတယ်ကို ရခိုင်က ဧည့်သည်တွေလာရင်လက်မခံဖို့ နယ်ထိန်းက အကြောင်းကြားထာတယ်။ သုံးရက်လောက်တော့ရှိပြီ” ဟု ဟင်္သာတမြို့မှ တည်ခိုခန်းပိုင်ရှင်တစ်ဦးက ပြောသည်။

ထို့အပြင် အနှိပ်ခန်းနှင့် ကာရာအိုကေဆိုင် ပိုင်ရှင်များကိုလည်း ရခိုင်အမျိုးသား ဝန်ထမ်းများ လက်မခံရန် ညွှန်ကြားထားကြောင်း မြန်အောင်မြန်အောက်မြို့နယ်အတွင်းရှိ ဆိုင်ပိုင်ရှင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော်က မြို့များနှင့် တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နေရာ ဧရာဝတီတိုင်းအတွင်းသို့ AA တပ်ဖွဲ့ဝင်များ ဝင်ရောက်လာမည်ကို စစ်ကောင်စီက စိုးရိမ်နေသည့်အတွက် ဧည်စာရင်းစစ်ဆေးမှုကို ပိုမိုတင်းကြပ်ထားကြောင်း အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“အေအေက သံတဲ့အထိရောက်နေပြီ။ ဂွပြီးရင် ငသိုင်းချောင်း ဧရာဝတီတိုင်းထဲဝင်လာမှာကိုသူတို့က စိုးရိမ်လို့ လုပ်တာပါ”လို့ ၄င်းကဆက်ပြောသည်။

ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း နယ်နမိတ်ထိစပ်နေသည့် နယ်စပ်တစ်လျောက်တွင် စစ်ကောင်စီက စစ်ဆေးမေးမြန်းမှုများပိုလုပ်နေပြီး လမ်းပိုင်းများကိုလည်း ပိတ်ထားကြောင်းသိရသည်။

#ဟင်္သာတခရိုင် #မြို့နယ်တချို့ #ရခိုင်ပြည်နယ် #ဧည်သည် #လက်မခံဖို့ #စကစ #ဖိအားပေး #Ayeyarwaddy_Times