ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၁ ရက်

စစ်ကောင်စီအလိုကျ ပြည်သူကို အကြမ်းဖက်နေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို စွန့်ခွာကာ CDM ပြုလုပ်ခဲ့ကြသည့် CDM ရဲတပ်ဖွဲ့ဝင်များတည်ထောင်ထားသည့် Myanmar Police CDM Channel (MPCC) အဖွဲ့သားများမှာ ယနေ့တွင် မကွေးတိုင်းအတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ဖွင့်လှစ်ထားသော စာသင်ကျောင်းတစ်ခုရှိ ကျောင်းသားကျောင်းသူများအား စာရေးကရိယာများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

“Myanmar Police CDM Channel ကို ပြန့်ကျဲနေတဲ့ CDM ရဲဝန်ထမ်းများကို စုစည်းနိုင်ဖို့ ရည်ရွယ်ပြီး တည်ထောင်ခဲ့တာပါ။ အခုလိုလှူဖြစ်တာက MPPC တည်ထောင်ခြင်း နှစ်ပတ်လည်အဖြစ် သွားရောက် လှူဒါန်းတာပါ။ ကျနော်တို့ CDM ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူနဲ့အတူ ရပ်တည်ခဲ့တဲ့အချိန်ကာ လတလျှောက်လုံး ပြည်သူအတွက် လုပ်ပေးနိုင်တာတွေ အကုန် လုပ်ပေးခဲ့တယ်။ အခုလည်း NUG အစိုးရ ဖွင့်လှစ်တဲ့ စာသင်ကျောင်းလေးတကျောင်းမှာ ကျနော်တို့ တတ်နိုင်သမျှ စာရေးကိရိယာတွေ သွားရောက် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်” ဟု MPCC မှ CDM ရဲတပ်သား ကိုဖြူဖွေးက ပြောသည်။