(နိုဘယ်လ်ဆုရှင် မိုဟမ်မက်ယူနွတ်က ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရကို ဦးဆောင်မယ်)

ဧရာဝတီတိုင်းမ်
သြဂုတ် ၇ ရက်

ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာက ရာထူးမှနှုတ်ထွက်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထွက်ပြေးသွားပြီး နောက် စစ်တပ်နဲ့ အတိုက်အခံပါတီများမှ တာဝန်ရှိသူတွေဟာ ကြားဖြတ်အစိုးရတစ်ရပ် ဖွဲ့စည်းဖို့ ဆွေး နွေးခဲ့ကြပါတယ်။

ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာ ရာထူးမှနှုတ်ထွက်ပြီးနောက် ဆန္ဒပြသူတွေဟာ တနင်္လာနေ့က ဒါ ကာမြို့တော်ရှိ ဝန်ကြီးချုပ်အိမ်တော်ကို စီးနင်းခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ ရှိတ်ခ်ဟာစီနာ ရာထူးမှနှုတ်ထွက်တာကို အောင်ပွဲခံခဲ့ကြပေမယ့် အချို့က အ ကြမ်းဖက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ ရှိတ်ခ်ဟာစီနာရဲ့ဖခင်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထူထောင်သူ ရှိတ်ခ်မူဂျီဘူရာမန် ရဲ့ ရုပ်ထုပေါ်ကိုတက်ရောက်ကာ ဖြိုချခဲ့ပါတယ်။

ရှိတ်ခ်ဟာစီနာဟာ တနင်္လာနေ့က စစ်ဘက်ရဟတ်ယာဉ်တစ်စင်းနဲ့ အိန္ဒိယနိုင်ငံသို့ ထွက်ပြေး သွားခဲ့တယ်လို့ ဒေသန္တရမီဒီယာတွေက ဖော်ပြပါတယ်။ ရှိတ်ခ်ဟာစီနာက တတိယတိုင်းပြည်တစ်ခုသို့ ထွက်ပြေးဖွယ်ရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့လနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ အလုပ်ခန့်အပ်ရေးမူဝါဒကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲ တွေ ဖြစ်ပွားပြီးနောက် ရှိတ်ခ်ဟာစီနာ ရာထူးမှနှုတ်ထွက်ခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝှမ်း လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပြင်းထန်သော ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ် ပွားခဲ့မှုကြောင့် ရှိတ်ခ်ဟာစီနာကို ရာထူးမှနှုတ်ထွက်ဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ပါတယ်။

ဆန္ဒပြပွဲတွေအတွင်း လုံခြုံရေးအဖွဲ့ရဲ့ဖြိုခွင်းမှုကြောင့် လူ ၃၀၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ မီဒီယာသတင်းတွေက ဖော်ပြပါတယ်။

ကြားဖြတ်အစိုးရတစ်ရပ် ဖွဲ့စည်းပြီးနောက် ရွေးကောက်ပွဲတစ်ရပ် ကျင်းပမယ်လို့ ဘင်္ဂလားဒေ့ရှ် သမ္မတက ပြောပါတယ်။

စစ်တပ်၊ အတိုက်အခံနဲ့ ဆန္ဒပြပွဲ စီစဉ်သူတွေကြား ဆွေးနွေးမှုတွေပြုလုပ်ပြီးနောက် လွှတ်တော် ကို ဖျက်သိမ်းခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သမ္မတရုံးက အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအဖွဲ့ကို နိုဘယ်လ်ဆုရ မိုဟမ်မက်ယူနွတ်က ဉီးဆောင်ဖို့ ရွေး ချယ်ခဲ့တယ်လို့ သိရပါတယ်။

ကိုးကား – NHK
Ref; Bangladesh discusses interim government after Hasina resignation

#Ayeyarwaddy_Times