
ဧရာဝတီတိုင်းမ်
သြဂုတ် ၇ ရက်
အီရန်နိုင်ငံမှာ ဟားမာစ်အဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဉီး လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် အစ္စရေးနိုင်ငံက အီရန်နဲ့ ယင်းရဲ့မဟာမိတ်တွေနဲ့ မျက်နှာစာပေါင်းစုံမှာ စစ်ပွဲဖြစ်ပွားနေတယ်လို့ ဝန်ကြီး ချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောပါတယ်။
နေတန်ယာဟုဟာ အီရန်နဲ့ အီရန်ကျောထောက်နောက်ခံပြုအဖွဲ့တွေကို အီရန်ရဲ့ မကောင်းဆိုး ဝါးများလို့ ခေါ်ဆိုခဲ့ပြီး ဘယ်လို ကျူးကျော်တိုက်ခိုက်မှုမျိုးမဆို တန်ဖိုးကြီးကြီး ပေးဆပ်ရမယ်လို့ သတိ ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက အီရန်ခရီးစဉ်တစ်ခုအတွင်း ဟားမာစ်အဖွဲ့ရဲ့ နိုင်ငံရေးခေါင်းဆောင် အစ္စမေးဟာနီယာ သတ်ဖြတ်ခံရပြီးနောက် အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေ မြင့်တက်နေပါ တယ်။
အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အကြီးတန်းတပ်မှူးတစ်ဉီး သေဆုံးခဲ့ပြီး လက်ဘနွန် အခြေစိုက် ရှီးယိုက် မူဆလင်အဖွဲ့ ဟစ်ဇ်ဘိုလာအပါအဝင် အီရန်ကျောထောက်နောက်ခံပြု လက်နက် ကိုင်အဖွဲ့တွေက အစ္စရေးကို လက်တုံ့ပြန်ရာမှာ ပါဝင်ဖွယ်ရှိပါတယ်။
အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာအဖွဲ့က အပြန်အလှန် ပစ်ခတ်မှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။ လက်ဘနွန်မှ ဒရုန်းတိုက်ခိုက်မှုကို လက်တုံ့ပြန်မှုအဖြစ် ဟစ်ဇ်ဘိုလာအဖွဲ့ ပစ်မှတ်တွေကို လေကြောင်း ကနေ တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က မနေ့က ပြောကြားခဲ့ပါတယ်။
တင်းမာမှုတွေ မြင့်တက်နေမှုကြောင့် ဂျပန်အစိုးရက လက်ဘနွန်သို့သွားရောက်တဲ့ ခရီးသွားသ တိပေးချက်ကို အမြင့်ဆုံးအဆင့် ၄ အထိ မြှင့်ခဲ့ပြီး ဂျပန်နိုင်ငံသားတွေအားလုံး ချက်ချင်း ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်နဲ့ဗြိတိန်တို့ကလည်း သူ့နိုင်ငံသားတွေကို လက်ဘနွန်မှ ထွက်ခွာကြဖို့ တိုက်တွန်း ထားပါတယ်။
အီရန်ရဲ့ အစ္စရေးအပေါ် တိုက်ခိုက်မှုဟာ ၂ ရက်အတွင်း စတင်နိုင်တယ်လို့ အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး အန်တိုနီဘလင်ကန်က G7 အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေကို ပြောပါတယ်။
တစ်နေရာမှ အစ္စရေးကို တိုက်ခိုက်မှုပြုလုပ်တော့မယ်ဆိုတဲ့ ခိုင်မာသော အထောက်အထားတွေ့ ရှိပါက လက်ဉီးမှုရယူပြီး တိုက်ခိုက်မှုတစ်ခုပြုလုပ်ဖို့ အစ္စရေးက စဉ်းစားနေတယ်လို့ အစ္စရေး မီဒီယာအ ချို့က ဖော်ပြပါတယ်။
ကိုးကား – NHK
Ref; Netanyahu: Israel in ‘multi-front war against Iran’s axis of evil’