ဧရာဝတီတိုင်းမ်
ဩဂုတ် ၆ ရက်

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ရှိ ကျေးရွာများတွင် င၀န်မြစ်ရေကြီးမှုကြောင့် နေအိမ်များ​နစ်မြုပ်နေသည့် ဒေသခံများ ရက်ကြာလာသည့်နှင့်အမျှ အစားအသောက်၊အမိုးအကာ နှင့် အဝတ်အထည်၊အကူအညီလိုအပ်နေကြောင်းသိရှိရသည်။

” ရေတက်ကတည်းက ဘာမှလုပ်ကိုင်စားလို့မရ တော့တာ နှစ်ပတ်ရှိပြီ။ အကူအညီတွေကလည်း သာပေါင်းမြို့နားကကျေးရွာတွေလောက်ပဲရောက်တယ် တစ်ကယ့်အရမ်းရေမြုပ်တဲ့ဘက်တွေရောက်မလာဘူး”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် သာပေါင်းမြို့နယ် ရှိ စစ်ပင်ကြီးကျေးရွာအုပ်စုနှင့် ကျားရဲကျေးရွာအုပ်စုတို့ရှိ အိမ်ခြေ ၆၀၀ကျော်သည် နေအိမ်ခေါင်မိုးအထိနစ်မြုပ်နေပြီး ဒေသခံ၂၀၀၀ကျော်ခန့်သည် ဓမ္မာရုံများနှင့် နေအိမ်အမိုးအဆင့်များတွင်နေထိုင်နေရပြီး ယနေ့အထိ အကူအညီမရသေးကြောင်းသိရသည်။

” ရေတွေကြီးတော့အလုပ်လဲမရှိဘူး ၊ စားစရာလည်းမရှိတော့ဘူး ပရဟိတသမားတွေလဲဒီဘက်ကိုမရောက်ဘူး တစ်ချို့ဆိုရေထဲကပေါက်တဲ့အရွက်တွေပြုတ်စားနေရတယ်’ဟုဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၄ ရက်နေ့က စစ်ကောင်စီ ၏ တိုင်း၀န်ကြီးချုပ်ဆိုသူ ရောက်ရှိလာပြီး သာပေါင်းမြို့ပေါ် မြို့မမင်းကျောင်းဘုန်းကြီးကျောင်းရှိ ပြောင်းရွှေ့နေထိုင်သော လူဦးရေ ၅၀ခန့်ကိုသာစားသောက်ကုန်များ ပေးအပ်ခဲ့ပြီး နောက်ပိုင်း ယနေ့အထိ မည်သည့်အကူအညီမှ မရတော့ကြောင်း ဒေသခံများကပြောသည်။

#သာပေါင်းမြို့ #ရေဘေးသင့်ကျေးရွာအများစုတွင် #အကူအညီများလိုအပ်နေ #Ayeyarwaddy_Times