
ဧရာဝတီတိုင်းမ်
သြဂုတ် ၂ ရက်
အီရန်နိုင်ငံမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတစ်ခုကြောင့် နိုင်ငံရေးခေါင်းဆောင် အစ္စမေးဟာနီယာ သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမာစ်အဖွဲ့က ပြောပါတယ်။ ဟားမာစ်အဖွဲ့ဟာ ဂါ ဇာကမ်းမြောင်ဒေသမှာ အစ္စရေးစစ်တပ်နဲ့ အပြင်းအထန် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
အစ္စမေးဟာနီယာက အီရန်သမ္မတသစ် မာစွပ်ပီဇက်ကီယန်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား ကို တက်ရောက်ဖို့ တီဟီရန်မြို့တော်ကို ရောက်ရှိနေတာပါ။
ဇူလိုင်လ ၃၁ ရက် မနက် ၂ နာရီခန့်က တီဟီရန်မြို့တော်မြောက်ပိုင်းမှာ တည်းခိုနေတဲ့ အစ္စမေး ဟာနီယာဟာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် သေဆုံးခဲ့တာလို့ အီရန်နိုင်ငံပိုင်သတင်း စာက ဖော်ပြပါတယ်။
အစ္စမေးဟာနီယာက ဒုံးကျည်တိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးခဲ့တာလို့ အီရန်သတင်းရင်းမြစ် တွေကို ကိုးကားပြီး လက်ဘနွန်မီဒီယာတွေက ဖော်ပြပါတယ်။
အစ္စမေးဟာနီယာ သတ်ဖြတ်ခံရမှုကြောင့် စစ်မျက်နှာသစ် ရှိလာမှာဖြစ်သလို ဂယက်ရိုက်ခတ်မှု တွေ ရှိလာမယ်လို့ ဟားမာစ်အဖွဲ့က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
အီရန်ခေါင်းဆောင်ကြီး အယာတိုလာအလီခါမေနီက တိုက်ခိုက်မှုအတွက် အစ္စရေးနိုင်ငံကို ရှုတ် ချခဲ့ပြီး အပြင်းအထန် အပြစ်ပေးဖို့ ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။ ဟာနီယာ သေဆုံးမှုအတွက် လက်စားချေဖို့က အီရန်ရဲ့တာဝန်လို့ သူက ဆိုပါတယ်။
အစ္စရေးအစိုးရက တိုက်ခိုက်မှုနဲ့ပတ်သက်လို့ မှတ်ချက်မပေးခဲ့ပါဘူး။ အခြေအနေကို အကဲဖြတ် နေပေမယ့် လုံခြုံရေး လမ်းညွှန်ချက်သစ်တွေ မထုတ်ပြန်ဘူးလို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ အကြီးတန်းတပ်မှုးတစ်ဉီးကို ပစ်မှတ်ထားပြီး လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့ တော်ကို လေကြောင်းတိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က အင်္ဂါနေ့မှာ ပြော ကြားခဲ့ပါတယ်။
ဟားမာစ်အဖွဲ့နဲ့ ပူးပေါင်းနေတဲ့ တပ်ဖွဲ့တွေအပေါ် အစ္စရေးစစ်တပ်က ထိုးစစ်ဆင်မှု ပြုလုပ်နေပါ တယ်။ ဟားမာစ်အဖွဲ့ခေါင်းဆောင် သတ်ဖြတ်ခံရမှုကြောင့် အရှေ့အလယ်ပိုင်းမှာ တင်းမာမှုတွေ မြင့် တက်လာနိုင်ပါတယ်။
ကိုးကား – NHK
Ref; Hamas: Leader Haniyeh killed by Israeli attack in Iran
#Ayeyarwaddy_Times