ဧရာ၀တီတိုင်းမ်
ဩဂုတ် ၁ ရက်

ရခိုင်ပြည်နယ် ဂွမြို့နယ်အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဝန်ထမ်းများသည် ဇူလိုင် ၂၆ ရက်နေ့က ဧရာဝတီတိုင်း ငါသိုင်းချောင်းမြို့နယ်ဘက်ကို ပြောင်းရွှေ့နေကြောင်း ဒေသခံများထံက သိရသည်။

“ကျွန်တော်တို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဘဲရှိကြတာ။ အုပ်ချုပ်ရေးဌာနက ဝန်ထမ်းတွေတော့ ငသိုင်းချောင်းကို ပြောင်းသွားကြပြီ။ ကျွန်တော်တို့ အုပ်ချုပ်ရေမှူး လစာတောင် K Pay နဲ့ လွှဲပေးတယ်” ဟု အမည်မဖော်လို့သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လက သံတွဲခရိုင်မှ ဌာနဆိုင်ရာ ဝန်ထမ်းများသည် ဂွမြို့နယ်အတွင်းသို့ ပြောင်းလာပြီးနောက် ယခုအခါ သံတွဲနှင့် ဂွမြို့နယ်မှ ဌာနဆိုင်ရာ ဝန်ထမ်းမျာသည် ဧရာဝတီတိုင်း
ငါးသိုင်းချောင်းမြို့နယ်ထဲသို့ ပြောင်းရွှေ့လာခြင်းဖြစ်သည်။

“ဦးစီးနဲ့ ဒုဦးစီလောက်ဘဲကျန်ခဲ့တာ ကျန်တဲ့ဝန်ထမ်းနဲ့ မိသားစုတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဆင်ပြေတဲ့နေရာ သွားကြတာပေါ့။ အသက်အာမခံချက်မရှိတဲ့နေရာမှာ ဆက်မနေချင်နေလို့နေမှာပေါ့” ဂွမြို့နယ်မှ ရာအိမ်မှူးတစ်ဦးက ပြောသည်။

ပြောင်းရွှေ့လာသည့် ဝန်ထမ်းများသည် သက်ဆိုက်ရာဌာနများ၏ ခွင့်ပြုချက်ဖြင့် ပြောင်းရွှေ့လာခြင်းမဟုတ်ဘဲ ကိုယ့်အစီစဉ်ဖြင့် အိမ်ငှါးနေထိုင်ကြခြင်းဖြစ်ကြောင်း ဒေသခံများထံကသိရသည်။

“ငါးသိုင်းချောင်းမှာ ရခိုင်ဘက်ကနေ ပြေးလာတဲ့ စစ်ရှောင်တွေရော၊ တချို့သော စကစလက်အောက်ခံ ဝန်ထမ်းတွေရော ရောက်နေတာ။ အိမ်ခန်းတွေဆို ငှားရလွန်းလို့ အလွတ်တောင် မရှိသလောက်ပဲ”ဟု ငါးသိုင်းချောင်းမြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ရခိုင်ပြည်နယ် ဂွမြို့နယ်သည် ဧရာဝတီတိုင်းနှင့် နယ်နမိတ်ချင်းထိစပ်နေပြီး ဂွမြို့ကို ရခိုင့်တပ်တော်က သိမ်းပိုက်ပြီးနောက်ဧရာဝတီတိုင်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာမည်ကို စစ်ကောင်စီက စိုးရိမ်နေပြီး ပိတ်ဆို့မှုများ ပြုလုပ်နေသည်။

“ဂွကို အကျခံလို့မဖြစ်လို့ နတခက ဗျူဟာမှူးကိုယ်တိုင် လာထိုင်နေတယ်။ ဂွမြို့ကျသွားရင် ဧရာဝတီတိုင်းကိုရောက်မှကို စိုးရိမ်လို့” ဟု အ မဖေါ်လိုသည့် တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် သံတွဲမြို့ကိုရခိုင့်တပ်တော်ကသိမ်းပိုက်ထားပြီး စစ်ရေးအရှိန် ပြင်းထန်နေဆဲဖြစ်သည်။

#ရခိုင်ပြည်နယ် #ဂွမြို့နယ် #အုပ်ချုပ်ရေး ဝန်ထမ်း #ဧရာဝတီတိုင်း #ငသိုင်းချောင်းမြို့
#Ayeyarwaddy_Times