
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁ ရက်
ဧရာ၀တီတိုင်း၊ ဖျာပုံ အကျဥ်းထောင်တွင် ဖမ်းဆီးထားသော နိုင်ငံရေးအကျဥ်းသား သုံးဦးကို ဇူလိူင်လ ၂၉ရက်နေ့က ခရိုင်တရားရုံးမှ နှစ်ရှည်ထောင်ဒဏ်များ ထပ်မံချမှတ်လိုက်ကြောင်း သိရသည်။
PDFများကို ကူညီသည်ဟုဆိုကာ စွပ်စွဲဖမ်းဆီးထားသော ဖျာပုံမြို့နေထိုင်သူဦးထက်လင်း၊ ဦးသန်းလွင်နှင့်ကျိုက်လတ်မြို့နယ်မှ ကိုအောင်လှိုင်းကိုကိုတို့ကို နှစ်ရှည်ထောင်ဒဏ်များချမှတ်ခဲ့ကြောင်း အကျဥ်းဦးစီးနှင့်နီးစပ်သူများထံမှ သိရှိရသည်။
“သူတို့ကို အကြမ်းဖက်ပုဒ်မတွေ ဖြစ်တဲ့ ၅၀(ဈ)နဲ့ ၁၀နှစ်၊ ၅၁(က)နဲ့ ၇နှစ်၊ ၅၂(က)နဲ့ ၃နှစ် စုစုပေါင်း နှစ်(၂၀)စီချလိုက်တာ အရင်က အမိန့်ချထားတာတွေလဲရှိသေးတယ်”ဟု အကျဥ်းဦးစီးနှင့်နီးစပ်သူတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင် ယခင်အမိန့်ချမှတ်ထားသောအမှုများအပါအ၀င်ဦးထက်လင်းသည်စုစုပေါင်းထောင်ဒဏ် ၃၇နှစ်၊ကိုအောင်လှိုင်းကိုကို သည် စုစုပေါင်းထောင်ဒဏ် ၂၂ နှစ်နှင့် ဦးသန်းလွင်သည် ထောင်ဒဏ် ၂၀နှစ်ကျခံရမည်ဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၁၁ရက်နေ့က ဖျာပုံမြို့နယ် ချောင်းတွင်းကျေးရွာတွင် လက်နက်နှင့်ဒရုန်းများကို စစ်ကောင်စီမှ သိမ်းဆည်းရမိပြီးနောက်တွင် ကျေးရွာရှိ NLDပါတီဥက္ကဌဟောင်းဖြစ်သူ ဦးသန်းလွင်အပါအ၀င် ဥဦးထက်လင်းနှင့် ကိုအောင်လှိုင်းကိုကိုတို့ကို ဖမ်းဆီးခဲကာ ယခုကဲ့သို့ အမိန့်များချမှတ်ခဲ့ခြင်းဖြစ်သည်။
#ဖျာပုံထောင် #နိုင်ငံရေးအကျဥ်းသား၃ဦး #နှစ်ရှည်ထောင်ဒဏ်များ #ထပ်မံချမှတ်
#Ayeyarwaddy_Times