ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၁ ရက်

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားနယ်မြေရဲစခန်းက စစ်အုပ်စုလက် အောက်ခံ ရဲတပ်ဖွဲ့ဝင် ၂ ဦး သြဂုတ်လ ၁၀ ရက် မနေ့ နေ့လည် ၂ နာရီဝန်းကျင်မှာ CDM ပြုလုပ်အလင်းဝင်ရောက်လာတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်ကသတင်းထုတ် ပြန်ပါတယ်။

အဲ့ဒီ ရဲ ၂ ဦးနဲ့အတူ BA-63 (G3) ၁ လက်ကျည်ဘောက်၂ ခု၊ BA-64 (G4) ၁ လက်၊ ကျည်ဘောက်၄ ခု၊ကျည်ဆံ ၄၇၀ တောင့်၊ လက်ပစ်ဗုံး ၁ လုံး စတဲ့ လက်နက်ခဲယမ်းတွေလည်းပါဝင်တယ်လို့ဆိုပါတယ်။

လက်နက်နဲ့အတူပူးပေါင်းလာတဲ့ CDM ရဲ ၂ ဦးကို ချီးမြှင့်ငွေ ကျပ် သိန်း ၁၀၀ ဆီ ပေးအပ်ခဲ့ပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးလိုက်တယ်လို့ဖော်ပြပါတယ်။

ကျန်ရှိနေတဲ့ စစ်အုပ်စုလက်အောက်ခံ စစ်ကောင်စီတပ်သားနဲ့ရဲတွေအနေနဲ့လည်း အမြင်မှန်ရပြီး ပြည်သူနဲ့ ပူးပေါင်းဖို့ မေတ္တာရပ်ခံ သတိပေးတယ်လို့ထုတ်ပြန်ထားပါတယ်။