
ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၁ ရက်
ရှမ်းမြောက်၊ မိုးမိတ်မြို့ရှိ စစ်ကောင်စီ၏ လက်ကျန် တပ်စခန်းများကို တအာင်းတပ်မတော် (TNLA) နှင့် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF) ပူးပေါင်းအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ကိုအပြီးသတ်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ယနေ့ ဇူလိုင် ၃၁ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်က စစ်ကောင်စီ၏ စကခ-၂၁ နှင့် ခမရ-၃၄၈ မိုးမိတ်ဗျူဟာကုန်းတို့ကို TNLA နှင့် MDY-PDF ပူးပေါင်းတပ်မှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း TNLA ကထုတ်ပြန် ထား သည်။
“မိုးမိတ်မြို့ကို သိမ်းပိုက်နိုင်ပါပြီ။ စကစက လေယာဉ် Y -12 နဲ့ ဗုံး ၆၀ နီးပါးလာကြဲတယ်။ လေးမြို့မြောက်ကိုသိမ်းနိုင်ခြင်းပါ”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ဗျူဟာကုန်းကို ပူးပေါင်းတပ်ဖွဲ့မှ ဇူလိုင် ၂၄ ရက်နေ့တွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ တစ်ပတ်အကြာတွင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
လက်ရှိတွင် ကျောက်မဲမြို့ရှိ ခမရ -၅၀၁ နှင့် ၅၀၂ တပ် စခန်းတို့ကို ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်နေပြီး ယင်းတပ် ရင်းများ ကျပါက ကျောက်မဲမြို့ကို သိမ်းပိုက်ရရှိမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-TNLA
#ရှမ်းမြောက် #မိုးမိတ် #TNLA #MDYPDF #သိမ်းပိုက် #Ayeyarwaddy_Times