ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၉ ရက်
မြန်မာ့အကျပ်အတည်း ကူညီဖြေရှင်းပေးရေး ဘတ် ၉ သန်း တန်ကြေးရှိ လူသားချင်းစာနာမှု အ ကူအညီ ပေးအပ်ဖို့ ထိုင်းနိုင်ငံက ကတိပြုလိုက်ပါတယ်။
ထိုင်းနိုင်ငံက အာဆီယံ အကူအညီပေးရေးစင်တာ (AHA Centre) သို့ ဒေါ်လာ ၂၅၀၀၀၀ တန် ကြေးရှိ လူသားချင်းစာနာမှု အကူအညီပေးမယ်လို့ ကတိပြုခဲ့တယ်လို့ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တော် မှာကျင်းပတဲ့ ၅၇ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ထိုင်း နိုင်ငံခြားရေး ဝန်ကြီး မာရစ်ဆန်ဂီယမ်ပွန်ဆာက ကြေညာခဲ့ပါတယ်။
“လူသားချင်းစာနာမှု အကူအညီရဲ့ အကျိုးကျေးဇူးကို မြန်မာပြည်သူတွေအားလုံး ရရှိရမှာဖြစ်ပါ တယ်” လို့ သူက ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ မတ်လ ၂၅ ရက်ကလည်း မဲဆောက်ခရိုင်ရှိ အမှတ် ၂ ထိုင်း-မြန်မာချစ်ကြည်ရေးတံ တားမှတစ်ဆင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီ ပေးအပ်ခဲ့ပါတယ်။
မြန်မာ့အရေး အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုကျင်းပဖို့ ထိုင်းနိုင်ငံရဲ့ အကြံပြုချက် ကို အာဆီယံအဖွဲ့ဝင်တွေက ထောက်ခံခဲ့ပြီး အင်ဒိုနီးရှား၊ လာအိုနဲ့ မလေးရှားနိုင်ငံမှ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ အကြံပြုချက်အရ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုမှာ မြန်မာ့အိမ်နီးချင်းတွေ၊ အမေရိကန်၊ တရုတ်၊ ကုလသမဂ္ဂ၊ လာအိုနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးတို့ပါဝင်ဖို့ ၎င်းတို့က သ ဘောတူခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ဆိုးရွားလာသောအခြေအနေအတွက် အမြန်ဆုံး အဖြေရှာဖို့နဲ့ ကျားဖြန့်နဲ့ မူးယစ် ဆေးဝါးမှောင်ခိုကူးမှုလိုမျိုး နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ မြင့်တက်လာတာကို ရပ်တန့်ဖို့ အင်ဒိုနီး ရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက သတင်းစကားပါးခဲ့ပါတယ်။
ကိုးကား – Bangkok Post
Ref; Thai govt pledges B9m aid to Myanmar
#Ayeyarwaddy_Times