
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၇ ရက်
သူနဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဆိုးရွားလာသော မြန်မာ့အခြေအနေ အပါအဝင် ဒေ သတွင်း ပထဝီနိုင်ငံရေးဖြစ်စဉ်တွေနဲ့ ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ရေး အရေးပါမှုကို ဆွေး နွေးခဲ့တယ်လို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှ်နန်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါ တယ်။
မြန်မာစစ်ကောင်စီက ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်မယ့် ကတိကဝတ် ပျက်ကွက်ခဲ့ တယ်လို့ ရှုမြင်ပါကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက လူမှုကွန်ရက် X မှာ ရေး သားခဲ့ပါတယ်။
“မြန်မာ့အရေး ဖြေရှင်းရာမှာ ဘုံသဘောတူညီချက် ၅ ရပ်က အဓိက အကိုးအကားအဖြစ် ဆက်ရှိ မယ်လို့ အာဆီယံက ရှုမြင်ပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား အထူးကိုယ်စားလှယ်ရုံး အကြီး အကဲ နူရာဆွာဂျာယာက ဗီယန်ကျင်းမြို့တော်မှာ ပြောပါတယ်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာစစ်ကောင်စီ ကတိပြုထားတဲ့ ရွေးကောက်ပွဲနဲ့ပတ် သက်လို့ မဆွေးနွေးခဲ့ဘူးလို့ ဆွစ်ဇာလန်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီးလည်းဖြစ်သူ နူရာဆွာဂျာ ယာက ဆိုပါတယ်။
မြန်မာကိုယ်စားလှယ် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဉီးအောင် ကျော်မိုးမှလွဲ၍ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအားလုံးက ဘုံသဘောတူညီချက် ၅ ရပ်ကို ထပ်လောင်း အတည်ပြုခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအဖွဲ့ရဲ့ အထူးကိုယ်စားလှယ် လာအိုဝါရင့်သံတမန် အလွန်ကီယို ကစ်တီခွန်က အာဆီယံအဖွဲ့ဝင်တွေ၊ မြန်မာ့အိမ်နီးချင်းတွေနဲ့ ကုလသမဂ္ဂက ခန့်အပ်ထားတဲ့ မြန်မာနိုင် ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘီးရှော့ပ်တို့နဲ့ အစည်းအဝေးတစ်ရပ်ပြုလုပ်ဖို့ ဆွေးနွေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီပေးအပ်မှု တိုးမြှင့်ကြဖို့ အာဆီယံအဖွဲ့က နိုင်ငံတ ကာအသိုင်းအဝိုင်းကို တောင်းဆိုနေတယ်လို့ ၎င်းက ဆိုပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးရဲ့အဆိုအရ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင် ငံသို့ အကူအညီပေးဖို့လိုအပ်တဲ့ အမေရိကန်ဒေါ်လာ ၉၉၄ သန်းရဲ့ ၁၂ ရာခိုင်နှုန်းသာ ရန်ပုံငွေရရှိသေး တယ်လို့ သိရပါတယ်။
ကိုးကား – Straits Times
Ref; Asean foreign ministers stand by Myanmar peace plan
#Ayeyarwaddy_Times